သင် အမြဲတမ်း ပင်ပန်းနေတယ်လို့ ခံစားနေရလား ? သင်နေ့တိုင်း လုပ်နေတဲ့အရာတွေက သင့်ကို ဒီလိုခံစားစေတယ်ဆိုတာ သင်တွေးမိချင်မှ တွေးမိမှာပါ။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက အမြဲတမ်းလိုလို ပင်ပန်းနေတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအလေ့အကျင့်တွေကို နေ့တိုင်းလိုလို လုပ်မိနေတတ်ကြလို့ပါ။

မနက်စာ မစားဘဲနေတာ

မနက်စာက တစ်နေ့တာရဲ့ အရေးကြီးဆုံးပါ။ မနက်စာမစားဘဲ လွတ်သွားတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏက ကျဆင်းသွားပြီး သင့်တစ်နေ့တာကို မစတင်မီမှာပင် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါကြောင့် မနက်စာကို မဖြစ်မနေစားဖို့ ကြိုးစားပါ။

ကော်ဖီအများကြီးသောက်တာ

ကဖိန်းဓာတ်က သင့်ရဲ့စွမ်းအင်ကို ချက်ချင်း မြှင့်တင်ပေးပါတယ် ။ ဒါပေမယ့် ခဏတာပါပဲ။ တစ်နေ့လုံး ကော်ဖီခွက်ပေါင်းများစွာ သောက်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကိုလျှော့သောက်ပြီး ရေကိုများများသောက်ပေးပါ။

လေ့ကျင့်ခန်းမလုပ်တာ

အများစုက “မနက်ဖြန်” လေ့ကျင့်ခန်းလုပ်မယ်လို့ ပြောတတ်ကြပေမယ့် တကယ်တော့ မလုပ်ဖြစ်ဘဲ အလုပ်ရှုပ်နေတတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို တိုးမြင့်စေပြီး ခံစားမှုကောင်းစေပါတယ်။ ဒါကြောင့် 15 မိနစ်လောက် လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂလေ့ကျင့်ခန်းလုပ်တာကို မဖြစ်မနေလုပ်ပါ။

နောက်ကျထိနေတာ

ညဥ့်နက်တဲ့အထိ အလုပ်လုပ်တာ ၊ ဖုန်းသုံးတာ ၊ ရုပ်ရှင်ကြည့်တာတွေက သင်အမြဲတမ်း ပင်ပန်းနွမ်းနယ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် စောစောအိပ်ပြီး သင့်ခန္ဓာကိုယ်ကို အနားပေးလိုက်ပါ။ နောက်တစ်နေ့ နိုးလာတဲ့အချိန် လန်းဆန်းမှုကို သေချာပေါက်ခံစားရမှာပါ။

‘Me’ Time မရှိတာ

လူတော်တော်များက အလုပ်၊ မိသားစုနဲ့ လူမှုရေးဝတ္တရားများကြားပိတ်မိပြီး မိမိကိုယ်ကို အချိန်ယူဖို့ မေ့လျော့နေတတ်ကြပါတယ်။ အချိန်မယူဘဲ ဆက်တိုက် အလုပ်လုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်ပြီး နာတာရှည် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာက ဇိမ်ခံတာမဟုတ်ဘူး။ ဒါကြောင့် စာအုပ်ဖတ်တာ၊ ရေချိုးတာ၊ လမ်းလျှောက်တာပဲဖြစ်ဖြစ် နေ့တိုင်း ‘Me’ Time ရအောင် ကြိုးစားပါ။

သကြားအလွန်အကျွံစားတာ

သကြားပါတဲ့ပမာဏ များတဲ့အစားအစာတွေကို စားလိုက်ရင် စွမ်းအင်ကို ချက်ချင်းမြှင့်တင်ပေးတယ်ထင်ရပေမယ့် အချိန်ကြာလာရင် သင့်ကို ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် သကြားကိုလျှော့စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ရွေးစားပါ။

တနေကုန်ထိုင်တာ

အများစုက စားပွဲခုံ ၊ ကွန်ပျူတာရှေ့ ဒါမှမဟုတ် ဆိုဖာတွေပေါ်မှာ အချိန်ကုန်ဆုံးတာ များတတ်ကြပါတယ်။ တစ်နေ့လုံးထိုင်နေတဲ့အခါ လူကလှုပ်ရှားမှုမရှိတော့ဘဲ ကြာကြာထိုင်တဲ့အခါ သင့်ကို ပိုပြီး ပင်ပန်းစေပါတယ်။ ဒါကြောင့် နေ့လယ်စာစားချိန်မှာ ခဏလောက် လမ်းလျှောက်ပါ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်ပေးပါ။