အိမ်မှာနေရင်း အချိန်တွေကုန်ဆုံးရတာပျင်းလာပြီ ဘာမှလည်းလုပ်စရာမရှိတော့ဘူးဆိုရင်တော့ အမျိုးသမီးလေးတွေအတွက် အချိန်ကုန်လို့ကုန်သွားမှန်းမသိတဲ့အရာလေးတစ်ခုကိုပြောပြချင်ပါတယ်။ အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်လှအောင်နေရမှာလည်း သဘောကျသလို ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုလည်းလှစေချင်တတ်ကြပါတယ်။သာမာန်ရိုးကျ Make Up Look တွေပြင်ရတာ ပျင်းလာပြီဆိုရင်တော့  Creative Eyes Make Up Look လေးတွေကိုပြင်ကြည့်ဖို့အကြံပေးချင်ပါတယ်။

ကိုယ့်ဆီမှာ အရောင်တွေစုံတဲ့ Eyeshadow Palette နဲ့  Brushes တွေရှိရုံနဲ့ဖန်တီးကြည့်လို့ရပြီး၊ ပျော်စရာလည်းကောင်းနေမှာပါနော်။ ကိုယ့်မျက်လုံးကို ကိုယ်တိုင်မခြယ်ချင်ရင်တောင် အမတွေ၊ညီမလေးတွေနဲ့အတူတူလုပ်ကြည့်ပါ။အခုလိုအချိန်မျိုးမှာ မိသားစုနဲ့ပျော်စရာအချိန်လေးတွေ ကုန်ဆုံးရတာကလည်း စိတ်ချမ်းသာမှုတစ်မျိုးလေးပါနော်။


Photo Source -Pinterest