အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ Eyeshadow တွေအထူကြီးမဆိုးချင်တဲ့သူတွေအတွက် Eyeliner ကို ရိုးရိုးရှင်းရှင်းလေး ဆွဲလိုက်ရုံနဲ့ လှပတဲ့ မျက်ဝန်းလေးတစ်စုံကို ရရှိပိုင်ဆိုင်စေဖို့အတွက် Eyeliner ဆိုးနည်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ရိုးရှင်းပြီးလွယ်ကူတဲ့ နည်းလမ်းလေးတွေဆိုတော့ အခုမှ Eyeliner စဆိုးမယ့်သူတွေအတွက်လည်း အဆင်ပြေမှာပါနော်။

၁။ တိပ်လေးကပ်ပေးပြီးဆိုးမယ်

Eyeliner ဆိုးတဲ့အခါ မညီမှာ စိတ်ပူနေတဲ့သူတွေအတွက် တိပ်လေး ကို မိမိလိုချင်တဲ့ ပုံစံလေးကပ်ပေးလိုက်ပြီး ဆိုးပေးလို့ရပါတယ်နော်။

၂။ တစ်ဆင့်ချင်းဆိုးပါ

အရင်ဆုံး မျက်လုံးထောင့်နားလေးကို ဆိုးပေးပြီး အဲဒီကနေ ဆက်ကာ ဆိုးပေးလိုက်ပါ။ ပြီးမှ အလည်မျက်ခွံနားကို ဆွဲပေးလိုက်ပါ။

ဒါမှမဟုတ် မျက်လုံးအလယ်မျက်ခွံကို အရင်ဆွဲလိုက်ပြီးမှ အခုလိုအဆင့်ဆင့် ဆွဲလို့ရပါတယ်နော်။

၃။ Eyeshadow အပါးလေးဆိုးပြီး ဒီလိုဆိုးမယ်

Eyeshadow အပါးလေးဆိုးပြီး Eyeliner ကို အခုလိုမျိုး ထပ်ဆိုးလိုက်ပါ။

၄။ တခြားနည်းလမ်းလေးတွေ

Eyeliner ဆိုးတဲ့အခါ တခြားဆိုးလို့ရတဲ့နည်းလမ်းလေးတွေလည်း အများကြီးရှိပါတယ်နော်။ ဒီလိုနည်းလမ်းလေးတွေကို သုံးပြုပေးလို့ရပါတယ်။ ကိုယ်က ကျွမ်းသွားပြီဆိုရင် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။

Photo: www.pinterest.com

By: MyStyle Myanmar