မိန်းကလေးတစ်ယောက်ရဲ့ မိတ်ကပ်ကို အပံ့ပိုးပေးနိုင်ဆုံးထဲ Eyeliner က အဓိက ပါဝင်ပါတယ်။ Eyeliner က သင့်မျက်နှာကို Shape ပိုပေါ်သွားစေပြီး သင့်မိတ်ကပ်အလှကို ဆွဲဆောင်မှု ပိုရှိစေပါတယ်။ Eyeliner ဆွဲထားတဲ့ မိတ်ကပ်နဲ့ မသုံးထားတဲ့ Look က အများကြီး ကွဲပြားပါတယ်။ မိတ်ကပ်လိမ်းတာနဲ့ Eyeliner ဆွဲဖို့က မဖြစ်မနေ လိုအပ်တဲ့အထိပါပဲ။

ဒီတော့ သင့် Eyeliner Drawing Game Level ကို နဂိုကထက် ပိုမြှင့်တင်ပြီး ပုရိသတွေ စွဲမက်သွားစေမယ့် ပုံစံရအောင် ဘယ်လို ဆွဲနိုင်မလဲ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ မျက်လုံးဒေါင့်မှာ အမှုန်လေးတွေ ထည့်ပါ

Sparkle ထည့်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတဲ့ အလှကုန်တွေ ဈေးကွက်ထဲ အများအပြားရှိပါတယ်။ Sparkle ထည့်လိုက်တဲ့အခါ သင့်ပုံစံကို ပိုငယ်သွားစေပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့ ကိုးရီးယားမလေးတွေလို မိတ်ကပ် Look မျိုး ရမှာပါ။ Eyeliner နဲ့ အတူ Sparkle လေးတွေက သင့်မျက်လုံးကို လုံးဝ ချစ်စရာကောင်းသွားစေမှာပါ။

မျက်လုံးဒေါင့်မှာ Sparkle ထည့်တာအပြင် Eyeliner အဆုံးနားမှာလည်း Sparkle လေးတွေ ထည့်ဆွဲသင့်ပါတယ်။ အောက်ဖော်ပြပါ ပုံတွေက နမူနာ ပုံစံတွေပါပဲ။

၂။ Smokey Look

ဒါကတော့ Eyeliner ဆိုးတဲ့အပြင် မျက်လုံးပါ ခြယ်ပေးရမှာပါ။ သင့် Eyeliner ပေါ်ကနေ အမှုန်အညိုရောင်နဲ့ Eyeliner သိပ်သိပ်လေး ရအောင် ခြယ်ပေးရမှာပါ။ သင်က Smokey ပုံစံ လုပ်ဖို့ မကျွမ်းကျင်ရင် အောက်ဘက်မှာ ကဒ်ထူတစ်ရွက်ကို မျက်လုံး Direction အတိုင်း အစောင်းလေး ထားပြီး အပေါ်ကနေ ထပ်ဆွဲနိုင်ပါတယ်။

၃။ Colored Water Line

Sparkle တွေထည့်နိုင်သလို မျက်လုံးအောက်မှာ အရောင် Water Line တွေပါ ထည့်နိုင်ပါသေးတယ်။ Colored Line က သင့်ပုံစံကို ခပ်မိုက်မိုက် မိန်းကလေးတစ်ယောက်အသွင်ရစေမှာပါ။ အပြာ၊ ပန်းရောင်စတဲ့ Colored Water Line တွေက သင့် Eyeliner Game Level ကို ကူညီပေးမယ့် အရာတွေပဲ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar