မိတ်ကပ်လိမ်းတဲ့ ပညာရပ်တွေထဲမှာ Eyeliner ဆိုးတာက ခက်ခဲတဲ့ အထဲပါဝင်ပါတယ်။ ဒါနဲ့အတူ နှာတံဖော်တာ၊ မျက်တောင်တု တပ်တာ စတဲ့ ပညာရပ်တွေကလည်း ခက်ခဲတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Eyeliner ဆိုးရတာ ခက်ခဲနေတဲ့ ပျိုမေတို့အတွက် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ခဲတံ Eyeliner နဲ့ အရင်စဆိုးပါ

Eyeliner မှာမှ ရွေးစရာ အများအပြားရှိပါတယ်။ Liquid, Gel, Pencil, Marker Eyeliner စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာမှ အလွယ်ဆုံးက Pencil Eyeliner ဖြစ်ပြီး အခက်ဆုံးကတော့ Liquid Eyeliner ဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ လွယ်ကူပြီး ပုံကျချင်ရင် Pencil Eyeliner ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

၂။ ဘယ် Eyeliner အရောင်က သင်နဲ့ ပိုလိုက်လဲ စဉ်းစားပါ

Eyeliner အရောင်အမျိုးမျိုး ရှိပါတယ်။ အညို၊ အနက်၊ ခရမ်းရောင် စသဖြင့် အရောင်အမျိုးမျိုးပါပဲ။ သင်က Youthful Look ကို လိုချင်ရင် Brown Eyeliner ကိုရွေးသင့်ပြီး Elegant ဖြစ်ချင်ရင်တော့ Black Eyeliner ကို ရွေးချယ်နိုင်ပါတယ်။

၃။ ကိုယ့်မျက်လုံးပုံစံနဲ့ လိုက်ဖက်တဲ့ Eyeliner ပုံစံကို ရွေးပါ

တစ်ယောက်နဲ့ တစ်ယောက် မျက်လုံး Shape က မတူပါဘူး။ Almond Shape ရှိတဲ့ မျက်ဝန်းပိုင်ရှင်တွေက Winged Eyeliner နဲ့ လိုက်ပြီး မျက်လုံး အကွာအဝေးကျဉ်းတဲ့ သူတွေက အပြင်ဘက်ကို အသားပေးပြီး Eyeliner ကို ဆွဲတာနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်မျက်လုံးနဲ့ ဘယ် Eyeliner လိုက်လဲ Experiment လုပ်ကြည့်သင့်ပါတယ်။

၄။ ကိုယ်ခြယ်ချင်တဲ့နေရာကို သတ်မှတ်ပါ

ကိုယ်က Eyeliner ကို မျက်လုံးအပေါ်နဲ့ အောက် နှစ်နေရာလုံး ခြယ်ချင်တာလား။ ဒါမှမဟုတ် မျက်ခမ်းစပ်လေးပဲ ခြယ်ချင်တာလား စသဖြင့် ကိုယ်ခြယ်ချင်တဲ့ နေရာကို သတ်မှတ်သင့်ပါတယ်။

၅။ Primer သုံးပါ

သင်က သင်ဆွဲချင်တဲ့ Eyeliner ပုံစံနဲ့ နေရာကို သိသွားပြီဆိုရင် Eyeliner စခြယ်နိုင်ပါပြီ။ သပ်ရပ်တဲ့ Eye Makeup Look ကို ပိုင်ဆိုင်ဖို့ Primer သုံးပေးသင့်ပါတယ်။

၆။ အစဉ်လိုက် သွားပါ

Eye မိတ်ကပ် ခြယ်ဖို့အတွက် မှန်ကန်တဲ့ အဆင့်တွေကတော့- Primer, Eye-Shadow, Eyeliner, Mascara ဆိုပြီး ဖြစ်ပါတယ်။ သင်က Eyeliner မဆွဲတတ်သေးရင် ခပ်ထူထူလေး ဆွဲသင့်ပါတယ်။ ဒီလိုဆိုရင် ဆွဲတာ ပုံမကျရင်တောင် အပေါ်က Eye-Shadow နဲ့ ပြန်ပြင်နိုင်ပါတယ်။

Photo Source: Pinteret

By MyStyle Myanmar