Eyeliner ခြယ်တာက ခြယ်နည်း မသိဘူးဆိုရင် တော်တော်ခက်ခဲတဲ့ ပညာရပ်လို့ ပြောလို့ရပါတယ်။ Eyeliner က သင့်မျက်လုံးနဲ့ သင့်အလှကို အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ အလှပြင်ပစ္စည်း ဖြစ်ပါတယ်။ သင်က ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေး ပိုင်ဆိုင်ချင်ရင် Eyeliner ခြယ်နည်းကို သိထားသင့်ပါတယ်။ ဒီတော့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်..
၁။ Pencil Eyeliner နဲ့ အရင်ဆွဲပါ
Photo Source: IPSY
သင်က Eyeliner အခုမှ စဆွဲမယ့် သူဆိုရင် Liquid Eyeliner အရင် မသုံးဘဲ Pencil Eyeliner နဲ့ စဆွဲပေးသင့်ပါတယ်။ Pencil Type က ပိုဆွဲရ လွယ်ကူပြီး ဒါနဲ့ အရင်ပုံချပြီးမှ Liquid Eyeliner ကို သုံးသင့်ပါတယ်။
၂။ အစက်ချ Method
Photo Source: Pinterest
Eyeliner လှလှလေး ထွက်ဖို့ Pencil Eyeliner နဲ့အစက်လေးတွေ အရင်ချပြီး ပုံစံချထားနိုင်ပါတယ်။ ပြီးမှ Liquid နဲ့ အစက်လေးတွေကို ပုံဆွဲသလို ဆက်သွားနိုင်ပါတယ်။ ဒါပေမဲ့ အစက်လေးတွေ မမြင်ရအောင် သေချာ Blend လုပ်ပေးဖို့ လိုပါတယ်။
၃။ ခက်တဲ့အပိုင်းကနေ စဆွဲပါ
Photo Source: inf.news
သင် Eyeliner ခြယ်တဲ့အခါ ဆွဲရပိုခက်တဲ့ အပိုင်းရှိမှာပါ။ ဒီကနေ စဆွဲသင့်ပါတယ်။ ဒီလို ခက်တဲ့နေရာက စဆွဲလိုက်တာကြောင့် သင်တခြားတစ်ဘက် ဆွဲတဲ့အချိန် ညှိရ ပိုလွယ်သွားပါလိမ့်မယ်။
၄။ Business Card နဲ့ ဆွဲကြည့်ပါ
Photo Source: Femina.in
Eyeliner လှလှလေးကို ပိုင်ဆိုင်ဖို့ Business Card ကို သုံးနိုင်ပါတယ်။ ဒီ Card က Credit Card ထက် ပိုပါးပြီး Eyeliner ဆွဲရ အဆင်ပြေပါတယ်။ ထောင့်ဘက် အသားအရေနဲ့ ကပ်ပြီး Eyeliner ဆွဲကြည့်နိုင်ပါတယ်။
၅။ မကြောက်ပါနဲ့
ပျိုမေ အများစုက Eyeliner ဆွဲတဲ့အချိန် မှားမှာ ကြောက်ပြီး ကတုန်ကယင် ဖြစ်တတ်ပါတယ်။ ဒါက ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် မှားမှာ မကြောက်ဘဲ ရဲရဲကြီးသာ ဆွဲလိုက်ပါ။
၆။ Concealer ကိုသုံးပါ
Photo Source: Cosmopolitan
Eyeliner ဆွဲသူ အများစု မှားတတ်တာက Eyeliner လွဲသွားရင် Makeup ဖျက်တာနဲ့ ဖျက်ကြတာပါ။ ဒီလို ဖျက်တဲ့အခါ ပိုဆိုးသွားတတ်ပါတယ်။ Angled Brush ကို သုံးပြီး Concealer နဲ့ဖုံးကြည့်သင့်ပါတယ်။
၇။ Eyeliner ခြယ်နည်း Video တွေကို လေ့လာပါ
Photo Source: YouTube
သင့်အနေနဲ့ Eyeliner ခြယ်တတ်ဖို့ ပုံတွေ လိုက်ကြည့်နေရုံနဲ့ မပြီးသေးပါဘူး။ ခြယ်နည်း သင်ပေးတဲ့ Tutorial video တွေကို လိုက်ကြည့်ပြီး များများ လေ့ကျင့်ပေးသင့်ပါတယ်။
By MyStyle Myanmar