မျက်လုံးဝိုင်းဝိုင်းနဲ့ လှပတဲ့ မျက်ဝန်းလေးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီနေ့ အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီက Eye-Liner တွေ Mascaras တွေ Shadows တွေ ထုတ်လာကြပြီမို့ ကိုယ့်ရဲ့မျက်လုံးလေးကို ဝင့်ဝင့်လေးဖြစ်စေမှာပါ။

အဖြူရောင် Eye-Liner (သို့) ခဲတံကို သုံးပါ

မျက်လုံးကို မှေးတယ်လို့မထင်စေရဘဲ ကြီးတယ်လို့ ထင်စေရအောင် အဖြူရောင် ခဲတံ (သို့) Liner ကို ဆိုးပေးပါ။

Liner နဲ့ မျက်လုံးကို ဘောင်မခတ်ထားပါနဲ့

Liner ကို မျက်လုံးနားအပြည့်ဆိုးတာဟာ မျက်လုံးကို ပိုပြီး ကျဉ်းသွားစေပါတယ်။ ဒါ့ကြောင့် အစွန်ဖက်မှာ ထင်းထင်းနဲ့ မျက်လုံးထိပ်နားမှာ ခပ်ပါးပါးပဲဆိုးပေးပါ။

Liner ကို ဒီလိုလေးဆိုးကြည့်ပါ

ဒီနည်းလမ်းကတော့ နာမည်ကျော် အဆိုတော်တွေရော မင်းသမီးတွေရော မိတ်ကပ်ပညာရှင်တွေရော အသုံးပြုကြတဲ့နည်းလမ်းလေးပါ။ မျက်လုံးအစွန်နားမှာ ကော့ပျံနေအောင် ဆိုးပေးရမှာဖြစ်ပါတယ်။

မျက်လုံးအတွင်းထဲမှာ အဖြူရောင် ရှဲဒိုးကိုဆိုးပေးပါ

မျက်လုံးအတွင်းထောင့်နားမှာ အဖြူရောင် Eye Shadow ဆိုးပေးတာဟာ မျက်လုံးကို ပိုပြီး ဝင့်ဝင့်ကြွားကြွားဖြစ်စပေါတယ်။

မျက်ခုံးမွှေးကို ဂရုစိုက်ပါ

တောက်ပပြီး ဝင့်ဝင့်ကြွားကြွားရှိတဲ့ မျက်လုံးကိုပိုင်ဆိုင်ဖို့ မျက်ခုံးမွှေးကို ဂရုစိုက်ဖို့လိုပါတယ်။ မျက်ခုံးမွှေးကို အမြဲတမ်းဂရုစိုက်ပြီး ဆွဲပေးပါ။ ခပ်ထူထူနဲ့ ဝိုက်ဝိုက် ခုံးခုံးလေး ဆွဲပေးပါ။

ဇွန်းအေးအေးလေးကို မျက်လုံးပေါ်ကပ်ပါ

အိပ်ယာမဝင်ခင် ရေခဲစိမ်ထားတဲ့ ဇွန်း အေးအေးလေးကို မျက်လုံးပေါ်ကပ်ပြီး တစ်ညလုံးအိပ်ပါ။ နိုးလာရင် မျက်လုံးက ခါတိုင်းလို အစ်အစ်ကြီးဖြစ်နေတော့မှာမဟုတ်ပါဘူး။ ပြီးတော့ မျက်ကွင်းညိုတာလည်း သက်သာပျောက်ကင်းသွားမှာပါ။

ကဲနည်းလမ်းကောင်းလေးတွေပြောပြပြီးပြီနော်။ ပျိုမေတို့ လက်တွေ့လုပ်ဆောင်ဖို့ပဲလိုပါတော့တယ်။