မင်္ဂလာပါနော်။ မိတ်ကပ်နဲ့ပတ်သက်လို့ စာဖတ်သူတို့လည်း အနည်းနဲ့အများဆိုသလို သိထားကြမှာပါ။ အလှအပနဲ့ပတ်သက်တဲ့ ဘလော့ဂ်တွေ အများကြီးပေါ်လာတာကြောင့် မိတ်ကပ်နဲ့ပတ်သက်လို့လည်း စာဖတ်သူတို့ အတွက် တကယ်တော့ သိပ်အစိမ်းကြီးရယ်လို့မဟုတ်ပါဘူး။ ဒီတခါမှာတော့ မျက်လုံးမိတ်ကပ်လိမ်းရာမှာ အရမ်း Over မဖြစ်စေဘဲ သဘာဝကျကျလေးလှနေစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Eyeliner ကိုသေချာရွေးချယ်ပါ

အကြည့်တွေ ဝင့်ဝင့်ကြွားကြွားလေးဖြစ်စေဖို့ Eyeliner ကို ဒီလိုဆွဲမယ်

အခုမှ မိတ်ကပ်စလိမ်းတဲ့သူတွေကတော့ Eyeliner ဆိုးတဲ့အခါ အခက်အခဲတချို့တွေ့ရတတ်ပါတယ်။ Eyeliner ဆိုးရင်း ညီအောင်ညှိရင်းနဲ့ အထူကြီးတွေဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အခုမှ Liner စဆွဲမယ်ဆိုရင် လိုင်နာအရည်မသုံးဘဲ အခြောက်သုံးပေးတာ ပိုကောင်းပါတယ်။

ပြီးရင် Eyeliner ဆိုးတဲ့ ခဲတံ (သို့) Brush အချွန်ကိုကြည့်ပါ။ အရမ်းချွန်တာလား။ ဒါမှမဟုတ် နည်းနည်းထူသလား။ မာသလား။ ပျော့သလား။ စာရေးသူကတော့ ဆွဲလို့ကောင်းပြီး နူးညံ့တဲ့ Eyeliner ကိုရွေးချယ်စေချင်ပါတယ်။

Wing Eyeliner ဆွဲတဲ့အခါ

မျက်လုံးထောင့်နားက Wing လေးတွေဆွဲရင်လည်း ဘေးတွေမှာ ပေကျံသွားတာမျိုးမဖြစ်အောင် တိပ်ကပ်ပြီး ဆွဲပေးနိုင်ပါတယ်။

အဖြူရောင်လိုင်နာသုံးပါ

မျက်လုံးအောက်နားလေးမှာ ခြယ်ဖို့အတွက် အဖြူရောင်လိုင်နာလေးတွေက သင့်တော်ပါတယ်။ မဟုတ်ရင်လည်း Eyeshadow အဖြူလေးတွေကို မျက်လုံးအောက်က ထောင့်နားမှာထည့်နိုင်ပါတယ်။

တခြားရောင်စုံ လိုင်နာတွေထက်အမည်းရောင်ကိုသာ ရွေးချယ်ပါ

ထူးထူးခြားခြား ရှိုးပွဲတွေ၊ EDM ပွဲတွေသွားတာမဟုတ်ရင် အမည်းရောင် ကိုပဲ ရွေးချယ်ပြီး ဆိုးပေးသင့်ပါတယ်။ တခြားအရောင်တွေ အများကြီးရွေးဆိုးတာဟာ သင့်ကိုကြည့်လို့ ပိုလှစေမှာမဟုတ်ပါဘူး။

အရောင်ဖျော့ဖျော့လေးတွေပါတဲ့ Shadow ကိုဝယ်ယူပါ

မှန်ကန်တဲ့Eyeshadow အရောင်ရွေးချယ်ပါ

နှင်းဆီရောင်၊ အညိုရောင် ဘာအရောင်ပဲဖြစ်ဖြစ် လိမ်းခြယ်တဲ့အခါ လိုက်ဖက်အောင် တွဲစပ်ပြီးလိမ်းပေးပါ။ လိမ်းပြီးရင်လည်း သေချာလေး Blend လုပ်ပေးဖို့မမေ့ပါနဲ့။

မျက်တောင်ကော့ပြီးမှ Mascara ဆိုးပါ

မျက်တောင်ကော့ပြီးမှ Mascara ဆိုးပေးတာအကောင်းဆုံးပါပဲ။ မဟုတ်ဘဲ ပြောင်းပြန်လုပ်မယ်ဆိုရင်တော့ မျက်တောင်ကော့တာတွေပေကျံပြီး အဆင်ပြေတော့မှာမဟုတ်ပါဘူးနော်။