Sensitive အသားအရေပိုင်ရှင်တွေက သူများထက်ကို ပိုပြီး အစစအရာရာ ပိုဂရုစိုက်ရပါတယ်။ ဒါပေမယ့် လုံးဝမလုပ်ရလို့တော့ မဆိုလိုပါဘူး ။ သင်က Sensitive အသားအရေပိုင်ရှင်ဆိုရင်တော့ မျက်လုံးကို Eye Makeup လိမ်းတဲ့အခါ ဒီအချက်တွေကို တခြားလူတွေထက် ပိုဂရုစိုက်ဖို့တော့ လိုပါတယ်။

Products သေချာရွေးပါ

မျက်လုံးတဝိုက်ကို မိတ်ကပ်လိမ်းဖို့ Products ရွေးတဲ့အခါ ဓာတ်မတည့်တာ ၊ ယားတာတွေဖြစ်စေတတ်တဲ့ ပါဝင်ပစ္စည်းတွေမပါအောင် သေချာသတိထား ရွေးဖို့တော့ လိုပါတယ်။ ဖြစ်နိုင်ရင် အမွှေးအကြိုင်မပါတာကို ရွေးပါ။

Expired Cosmetics တွေ မသုံးပါနဲ့

သုံးနေတဲ့အလှကုန်တွေရဲ့ Expire Date တွေကို အမြဲစစ်ဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ Expire ဖြစ်နေတဲ့အလှကုန်တွေသုံးမိတဲ့အခါ မျက်လုံးယားတာ ၊ နီတာမျိုးတွေဖြစ်စေတတ်လို့ပါ။

Brush တွေကိုအမြဲဆေးပါ

Eye Makeup အတွက် သုံးတဲ့ Brush တွေက သုံးပြီးတိုင်းမှာ အညစ်အကြေးများ စုပုံလာတတ်တာမလို့ သုံးပြီးတိုင်း သေချာသိမ်းဖို့နဲ့ တစ်ပတ်မှာအနည်းဆုံး တစ်ကြိမ်တော့ ဆေးပေးပါ။

လက်ဆေးပါ

လက်တွေမှာက ဖုန်မှုန့်နဲ့ ဘက်တီးရီးယားပိုးတွေ ကပ်နေနိုင်တာမလို့ မျက်နှာကိုကိုင်ခါနီးတိုင်း လက်ဆေးပါ။ ဒါ့အပြင် မိတ်ကပ်ဖျက်ပြီး ဒါမှမဟုတ် မိတ်ကပ်လိမ်းပြီးတဲ့အခါမှာ မျက်လုံးကို မပွတ်သင့်ပါဘူး။

Creamy Eyeshadow ကိုရွေးပါ

Powder Eyeshadow တွေက မျက်လုံးထဲကိုဝင်နိုင်တာမလို့ Powder Eyeshadow တွေအစား Creamy Eyeshadow ကို ရွေးပါ။

Waterline ကို ရှောင်ပါ

Waterline က ဘယ်တော့မှမရိုးတဲ့ စတိုင်လ်တစ်ခုပေမယ့်လည်း Sensitive မျက်လုံးပိုင်ရှင်တွေအတွက်ကတော့ ထိခိုက်နိုင်တာမလို့ မလုပ်သင့်ပါဘူး။

သူများနဲ့ Share မလုပ်ပါနဲ့

အလှကုန်ပစ္စည်းတွေကို သူငယ်ချင်းတွေနဲ့ Share သုံးတာက မျက်စိရောဂါကူးစက်နိုင်ခြေ ပိုများတာမလို့ သူများနဲ့ Share သုံးတာမျိုးရှောင်ပါ။