တချို့မိန်းကလေးတွေက Mask တပ်ပြီး အပြင်ထွက်ရမယ့် နေ့ဆိုရင် မိတ်ကပ်မပြင်တော့ဘဲ မျက်လုံးကိုပဲ မိတ်ကပ်လိမ်းသွားသူတွေ ရှိပါတယ်။ Mask မချွတ်တာကြောင့် မျက်လုံးပဲ မြင်ရမှာမို့ ဒီလို လိမ်းသွားတာက Smart ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ အခုနောက်ပိုင်း မိတ်ကပ်လိမ်းတဲ့အခါ အရေးပါလာတာက မျက်လုံး Eye Makeup Look ဖြစ်ပါတယ်။

True Beauty ကိုးရီးယား ဇာတ်လမ်းရဲ့ Creator ဖြစ်တဲ့ Yaongyi ကိုယ်တိုင်က မိတ်ကပ်လိမ်းတဲ့အခါ Eye Makeup က အရေးပါတယ်လို့ ပြောဖူးပါတယ်။ သင့်မျက်လုံးလေး လှနေမယ်ဆိုရင် ဘယ်သူကြည့်ကြည့် သင့် Makeup Look ကို ကြည့်မဝ ဖြစ်နေကြပါလိမ့်မယ်။

Eye Makeup Look လှလှလေးရဖို့ အဓိက လိုအပ်တဲ့ ပစ္စည်း အချို့ကတော့- အရည်အသွေးကောင်းတဲ့ Eyeshadow Palette ရယ်၊ မျက်တောင်ကော့တံ၊ မျက်တောင်ကော့ဆေး၊ Glitter ရယ်၊ မျက်တောင်တု၊ မျက်ကပ်မှန် စတာတွေ လိုအပ်ပါတယ်။ သင့်အနေနဲ့ Eye Makeup ကို Master ဖြစ်ဖို့ တခြားသူတွေ ခြယ်တဲ့ပုံစံ၊ ခြယ်တဲ့ ဓာတ်ပုံတွေကို လိုက်ကြည့်ပြီး လေ့ကျင့်နိုင်ပါတယ်။ အခုဖော်ပြထားတဲ့ Eye Makeup Look တွေကို လိုက်ကြည့်ပြီးလည်း သင်ခြယ်ကြည့်န်ိုင်ဖို့ မျှော်လင့်မိပါတယ်။

ဖော်ပြပါ Eye Makeup Look တွေက သဘာဝဆန်ဆန်လေးတွေ ဖြစ်တာမို့ ပျိုမေတိုင်း အတွက် အသုံးဝင်မှာပါ။

သင်ခြယ်မယ်လို့ စဉ်းစားထားတဲ့ Eye Makeup Look က ဘာဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar