Eye Makeup လိမ်းတဲ့အခါ မျက်လုံးသေးပေမယ့် မျက်လုံးကြီးတာကို လိုချင်တဲ့ပျိုမေတွေအတွက် မျက်လုံးကို ပိုကြီးအောင် လုပ်လို့ရတဲ့ မိတ်ကပ်လိမ်းနည်းတချို့ကို ဝေမျှပေးချင်ပါတယ်။

1. Highlighter

မျက်ခုံးအရိုး ၊ မျက်လုံးအတွင်းထောင့်တွေနဲ့ သင့်မျက်ခမ်းအလယ်နားကို Highlighter လေး နည်းနည်းလောက်လိမ်းတာက မျက်လုံးကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

2. Eyebrows

မျက်ခုံးကို ထူထူထဲထဲဖြစ်အောင် လုပ်တာကလည်း မျက်လုံးကို ကြီးတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။

3. Dark Circles

မျက်လုံးအောက်က မျက်တွင်းချိုင့်တာ ၊ မျက်ကွင်းညိုတာတွေကို Concealer သုံးပေးပါ။ ဒီလို လိမ်းတာကလည်း မျက်လုံးကို ပိုကြီးလာအောင် လုပ်ပေးပါတယ်။

4. Wing Eyeliner

Eyeliner ဆွဲတဲ့အခါ Wing ထုတ်ပြီးဆွဲတာကလည်း မျက်လုံးကို သဘာဝအတိုင်း ပိုကြီးလာစေတဲ့ နည်းတမျိုးပါပဲ။

5. Mascara

Mascara ကလည်း မျက်တောင်တွေကို ပိုပြည့်ပြီး အကြီးကြီးဖြစ်စေတာကြောင့် မျက်တောင်တွေကို ကော့ထားတာကလည်း မျက်လုံးကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

6. Liner

မျက်လုံးရဲ့အတွင်းထောင့် ဒါမှမဟုတ် မျက်လုံးအောက်မှာ Liner ဆိုးတာကလည်း နောက်ထပ် မျက်လုံးကို ပိုကြီးတယ်ထင်ရစေတဲ့နည်းပါ။