ဒီနေ့ခေတ်မှာ လူတိုင်း မဖြစ်မနေ အချိန်ပေးလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း တကယ့်လိုအပ်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကြည်လင်စေဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူ ရိုးရှင်းတဲ့အတွက် နေ့တိုင်း မိနစ်ပိုင်းလောက် အချိန်ပေးပြီး သင့်မျက်လုံးလေးတွေ အမြင်ကြည်လင်ကျန်းမာစေဖို့အတွက် လုပ်ကြည့်သင့်ပါတယ်နော်။
မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ ၂ မိနစ်လုပ်ပေးပါ။
မျက်လုံးကိုပြူးပြီး ၅ စက္ကန့် စိုက်ကြည့်ပါ။ ပြီးရင် ပြန်မှိတ်ပြီး ပြန်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရမှာပါ။
မျက်လုံးကို ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့အုပ်ပြီး ၂ စက္ကန့်လောက် နှိပ်နယ်ပေးပါ။ ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။
နှာခေါင်းနဲ့တည့်တည့်မှာ လက်မကိုထားပြီး မျက်လုံးနှစ်ဖက်က လက်မကို စုံကြည့်ပေးရပါမယ်။ မျက်လုံးက ပုံမှာပြထားတဲ့အတိုင်း ထောင့်ကပ်နေရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်လုပ်ပေးပါ။
မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပြီး ၅ စက္ကန့်နေပေးပါ။ ပြီးရင် ပြန်ဖွင့်ပြီး ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။
မျက်လုံးနှစ်ဖက်လုံးကို လှည့်ပြီး ကစားပေးရမှာပါ။ ဘယ်ဘက်ကစပြီး နာရီလက်တံလှည့်သလို ၄ ကြိမ်ကစားပါ။ ပြီးရင် ညာဘက်ကစပြီး နာရီလက်တံလှည့်သလို ၄ ကြိမ်ကစားပါ။
မျက်လုံးနှစ်ဖက်လုံးကို ထောင့်ဘက်ကို ကပ်ပြီး ကြည့်ပါ။ အဲ့အတိုင်း ဘယ်ဘက်ထောင့်ကိုကြည့်တာ ၆ ကြိမ်၊ ညာဘက်ထောင့်ကိုကြည့်တာ ၆ ကြိမ် လုပ်ပေးရပါမယ်။
Source: www.brightside.me