မင်္ဂလာပါ ပျိုမေတို့ရေ။ အသားအရေကြည်လင်ဖို့အတွက် မျက်နှာပေါ်က မလိုအပ်တဲ့ဆဲလ်သေနဲ့ အညစ်အကြေးတွေ သေချာဖယ်ရှားပေးဖို့ အရေးအကြီးဆုံးပါပဲနော်။ ဒါကြောင့် ဆဲလ်သေတွေဖယ်ရှားဖို့ မျက်နှာချေးချွတ်သန့်စင်ပေးရတဲ့အဆင့်ကို ပုံမှန်လုပ်ဖို့ လိုလာပါပြီ။ မျက်နှာချေးချွတ်တာက သုံးနည်းမှားတာနဲ့ အသားပါးကာ အသားအရေ Sensitive ဖြစ်သွားနိုင်လို့ သုံးနည်းမှန်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်တိုင်လုပ်လို့ရတဲ့ သဘာဝနည်းတွေက အသားအရေအတွက် ဘေးထွက်ဆိုးကျိုးနည်းပြီး အကုန်အကျသက်သာစေမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ သဘာဝနည်းနဲ့ မျက်နှာချေးချွတ်မယ့်သူတွေအတွက် လုပ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး ခွက်အလွတ်ထဲကို ကိုယ်သုံးမယ့်ပစ္စည်းတွေထည့်ပါမယ်။ သင်္ဘောသီးနဲ့ Oatmeal စတဲ့ သဘာဝချေးချွတ်အာနိသင်ပါတဲ့ ပစ္စည်းတွေကိုသုံးပေးပါ။<

ပြီးနောက်မှာ ဒိန်ချဉ် (သို့) နို့နဲ့ နှင်းဆီရည်ကို တစ်စက်နှစ်စက်ခန့် ရောထည့်ပေးပါမယ်။ ဒိန်ချဉ်က အသားအရေကိုအစိုဓာတ်ပေးတာမို့ Dry Skin ရှိသူတွေအတွက် အဆင်ပြေပြီး နှင်းဆီရည်ကတော့ အဆီပြန်ခြင်းကိုထိန်းပေးတာမို့ Oily ဖြစ်တဲ့ အသားအရေအတွက် သင့်တော်ပါတယ်။ သင်က အရမ်းအသားခြောက်တတ်တယ်ဆိုရင် ပျားရည်တစ်ဇွန်းလောက်ကို ရောထည့်ပေးပါ။

ပါဝင်ပစ္စည်းတွေကို သမအောင်မွှေပြီး အနှစ်ရအောင်လုပ်ပေးပါ။ မျက်နှာမှာလိမ်းလို့ရတဲ့ အနေအထား အနှစ်ရသွားပြီဆိုရင်တော့ မလိမ်းခင် Cleanser နဲ့ မျက်နှာသစ်ပေးရပါမယ်။ သစ်ပြီးတဲ့အခါ Brush (သို့) လက်ချောင်းတွေနဲ့ ဖြန့်ပြီးလိမ်းပေးလိုက်ပါ။

\

မျက်နှာပေါ်မှာ ခြောက်သွားတဲ့အထိ ၁၅ မိနစ်လောက် လိမ်းထားပေးပါနော်။ ခြောက်သွားပြီဆိုရင် လက်ချောင်းတွေကို ရေနည်းနည်းစွတ်ကာ မျက်နှာကို စက်ဝိုင်းပုံလေးဝိုက်ပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ချွေးပေါက်ထဲထိ Exfoliate လုပ်ပြီးသားဖြစ်စေပါတယ်။

မိနစ်အနည်းလောက်နှိပ်နယ်ပြီးတဲ့အခါ ရေခပ်နွေးနွေးနဲ့ သေချာစင်အောင် ပြန်ဆေးချပေးရပါမယ်။

သစ်ပြီးပြီဆိုရင် မျက်နှာကို ပုဝါအသန့်နဲ့ ခပ်ဖွဖွလေးပုတ်ပြီး ရေသုတ်ပေးပါနော်။

မျက်နှာသုတ်ပြီးတဲ့အခါ ကိုယ်သုံးနေကျ Moisturizer လေး လိမ်းထားလိုက်ပါ။ ဒီနည်းကို အသားအရေအမျိုးအစားမရွေး တစ်လ နှစ်ကြိမ်ခန့် ပုံမှန်သုံးပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar