အားလုံးပဲမင်္ဂလာပါနော်။ နုပျိုကျန်းမာတဲ့ခန္ဓာကိုယ်ကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ အသက်ဘယ်လောက်ပဲရလာရလာ ကျန်းကျန်းမာမာရှိပြီး နုပျိုကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး သက်သောင့်သက်သာရှိရှိ နေထိုင်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတချို့ကို မျှဝေပေးချင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေဖြစ်လို့ စာဖတ်သူတို့ သဘောကျမယ်လို့မျှော်လင့်ပါတယ်။

၁။ Garland Pose

အရင်ဆုံး ခြေထောက်နှစ်ဖက် ကားပြီး မတ်တပ်ရပ်ပါ။

ပြီးရင်တော့ လက်နှစ်ဖက်ကို အခုပုံမှာပြထားသလို စုလိုက်ကာ ပေါင်နှစ်ဖက်ကို ဘေးကားလိုက်ပြီး ထိုင်ချလိုက်ပါ။

အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လုပ်ပါ။ ၁၀ စက္ကန့်လောက်နေပါ။ ၂ ကြိမ်လုပ်ပါ။

၂။ လှည့်မယ်

အရင်ဆုံးမတ်တပ်ရပ်ပါ။ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ဟိုဖက်ဒီဖက် ၃ ကြိမ်လှည့်လိုက်ပါ။

၃။ အကြောလျှော့လေ့ကျင့်ခန်း

အရင်ဆုံး ခုံအပုလေးတစ်ခုပေါ်ကို ဘယ်ဖက်ခြေထောက်တင်ထားပါ။ ဒူးကို ထောင်ထားလိုက်ပြီး လက်နှစ်ဖက်ကို တင်ထားလိုက်ပါ။ အကျောဆန့်လိုက်ပြီးတော့ ၁၀ စက္ကန့်နေပါ။

အဲဒီနောက် ဒူးကိုပြန်ချလိုက်ပြီးတော့ လက်ကိုလည်း ဒုတိယပုံမှာပြထားသလို ထားလိုက်ပါ။ ၁၀ စက္ကန့်နေပါ။

အဲဒီနောက် ထိုင်ချလိုက်ပြီးတော့ ညာဖက်ခြေထောက်ကို ဘယ်ဖက်ပေါင်ရင်းပေါ်တင်လိုက်ပါ။ ၁၀ စက္ကန့်နေပါ။ နောက်တစ်ဖက်ပြောင်းပါ။

၄။ Stargazing

အရင်ဆုံးဒူးထောက်ထိုင်ထားလိုက်ပြီး ခြေချောင်းလေးတွေကို ကြမ်းပြင်နဲ့ ထောက်ထားပါ။ လက်လေးတွေက တင်ပေါ်မှာ ထားပါ။ ခါးကိုမတ်လိုက်ပါ။ မေးကို ရင်ဘတ်နားအထိ ထိလိုက်ပြီး လှည့်လိုက်ကာ အပေါ်မော့လိုက်ပါ။ ၃ ကြိမ်လုပ်ပါ။

၅။ ခြေထောက်မမယ်

အရင်ဆုံးကျောလှဲနေပါ။ ခေါင်းလေးကို နည်းနည်းကြွလိုက်ပြီးတော့ ခြေထောက်ကိုလည်း ဖြောင့်ဖြောင့်မတင်လိုက်ပါ။ ၃ ကြိမ်လုပ်ပါ။

Source: www.brightside.me

By: MyStyle Myanmar