အိမ်ယာထဲမှာပဲ လေ့ကျင့်ခန်းလုပ်လို့ရတယ်ဆိုရင် အားလုံးလည်း အကြိုက်တွေ့ကြမယ်ထင်ပါတယ်နော်။ မနက်အိပ်ယာထတဲ့အချိန်ပဲဖြစ်ဖြစ် ညအိပ်ယာမဝင်ခင်ပဲဖြစ်ဖြစ် လုပ်လို့အဆင်ပြေတဲ့လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။

၁။ အရင်ဆုံး ခေါင်းအုံး (သို့) တဘက်ကို လုံးပြီး ခါးအပေါ် ၊ ကျောနားမှာ ထားလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကိုအပေါ်မြောက် ဗိုက်ကိုချပ်ထားပြီး အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက် ထုတ်လိုက်လုပ်ပါ။ အဲဒီလိုလုပ်နေစဉ်မှာ မျက်နှာက ပြုံးထားရပါမယ်နော်။ ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာနေပါ။

၂။ ခေါင်းအုံးကို လည်ပင်အောက်နားထားလိုက်ပြီး လက်နှစ်ဖက်ကို ပူနွေးအောင် ပွတ်လိုက်ကာ မျက်နှာကို ၊နဖူးနဲ့ နားရွက်နားထိရွှေ့ပြီး နှိပ်နယ်ပေးပါ။ အဲဒီလိုမလုပ်ခင် လက်ကို သေချာဆေးထားရပါမယ်နော်။

၃။ ကျောလှဲနေပေးထားပြီး ခြေထောက်နှစ်ဖက်လုံးကို အပေါ်မြောက်ပေးပြီး လက်နှစ်ဖက်နဲ့ သေချာထိန်းထားပါ။ အသက်ကို မှန်မှန်ရှူပါ။

၄။ အိပ်ယာပေါ်မှာပဲလှဲနေပြီး အခုပုံမှာပြထားသလို ဒူးနှစ်ဖက်ကွေးပြီး ချထားပါ။ ပြီးရင် တင်ကို အပေါ်ကြွပေးပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပါ။ အသက်ကိုမှန်မှန်ရှူပေးပြီး ပြန်ချပါ။

၅။ အိပ်ယာပေါ်မှာပဲ ပက်လက်နေပေးပါ။ လက်နှစ်ဖက်ကို ဘေးထုတ်ချပေးထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားပါ။ ဒူးကို ဘယ်ညာရွှေ့ပေးပါ။

၆။ V ပုံစံမျိုးလုပ်ပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းကိုကြွပြီး ခြေထောက်ကို အပေါ်မြောက်ပေးပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပေးပြီး ကျောပြန်လှဲနေကာ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်းတစ်ခုဆီကို ၄ ကြော့ ၅ ကြော့လုပ်ပေးရပါမယ်။