မင်္ဂလာပါ စာဖတ်သူပရိတ်သတ်တို့ရေ။ တစ်နေ့တစ်နေ့ ပစ္စည်းအလေးကြီးတွေမရလို့ ဒါမှမဟုတ် ကွန်ပျူတာကို နေ့တိုင်းရိုက်နေရလို့ လက်မောင်းသားမှာ အဆီပိုတွေ စုလို့နေပြီလား။

ဒီလိုအဆီပိုတွေက အင်္ကျီလှလှလေးတွေဝတ်ဖို့အတွက် ဘယ်လိုမှကြည့်မကောင်းလို့ အမြန်ဆုံးဖယ်ရှားဖို့လိုနေပြီနော်။ အလုပ်တွေရှုပ်လို့ Gym မသွားနိုင်ဘူးလား။ စိတ်မညစ်ပါနဲ့။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက အချိန် ငါးမိနစ်ပဲလိုပြီး အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရတာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

ကဲ..ဒါဆိုရင် ဘယ်လိုလေ့ကျင့်ခန်းလေးတွေက လက်မောင်းသားက အဆီပိုတွေဖယ်ရှားဖို့ အထိရောက်ဆုံးဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

Arm Circles

လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းလိုက်ပြီး ဖြည်းဖြည်းချင်း ဝိုက်ပေးပါ။ အပေါ်မှအောက် သို့မဟုတ် အောက်မှအပေါ်ဖြစ်စေ မိမိကြိုက်နှစ်သက်ရာ လမ်းကြောင်းဖြင့် လှည့်ပေးပါ။ အချိန်ကတော့ စက္ကန့် ၃၀ ပါ။

Flying Arms

ဒုတိယလေ့ကျင့်ခန်းကတော့ ပထမတစ်ခုလို လက်ကိုလှည့်စရာမလိုဘဲ တိုက်တန်းနစ် ဇာတ်ကားထဲကလို လက်နှစ်ဖက်ကို ဘေးသို့ဖြောင့်ဖြောင့် ဆန့်တန်းပေးထားပါ။ ထိုပုံစံအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။

Pushups

ဝဲလျားမှောက်အနေအထားကနေ လက်နှစ်ဖက်ကို အားပြုပြီးတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပင့်လိုက်ပါ။ လက်နှစ်ဖက်လုံး ဆန့်တန်းသွားပြီဆိုရင် နဂိုအနေအထားသို့ပြန်သွားပါ။

ဒိုက်ထိုးသည့်ပုံစံအတိုင်း ပင့်လိုက်ဖိလိုက် စက္ကန့် ၃၀ ပြုလုပ်ပေးပါ။

Scissors

မတ်မတ်ရပ်အနေအထားမှာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းပြီး ကပ်ကြေးပုံစံအတိုင်း ဆန့်ကျင်ဘက် ခွဲထွက်ပေးလိုက်ပါ။ ငယ်စဉ်တုန်းက အေရိုးဗစ်လေ့ကျင့်ခန်းနှင့်ပင် ခပ်ဆင်ဆင်လေးပါပဲ။

လက်နှစ်ဖက်ကို ဘေးကပ်လိုက် ရှေ့သို့ဆန့်တန်းပြီး ကပ်ကြေးပုံစံပြုလုပ်လိုက်ကို စက္ကန့် ၃၀ ကြာအောင် လုပ်ပေးရပါမယ်။

Superman

ဝဲလျားမှောက်လိုက်ပြီး လက်နှစ်ဖက် ခြေထောက်နှစ်ချောင်းကို မြှောက်လိုက်ပါ။ ခေါင်းကိုလည်း ငုံ့မထားဘဲနဲ့ အရှေ့သို့ ကြည့်နေပေးပါ။

၂ စက္ကန့်နေပြီးရင် ချလိုက်ကာ ပြန်မြှောက်ပါ။ ထိုအတိုင်းပဲ စက္ကန့် ၃၀ ကြာလုပ်ပေးရပါမယ်။

Source: BrightSide