တင်နဲ့ပေါင်တံ ကျစ်လစ်လှပစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ တင်ထွက်ချင်တဲ့သူနဲ့ ပေါင်တုတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်ထက်ပိုပြီး မကြာတာကြောင့် တစ်ပတ်မှာ ၅ ရက်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ Result ကို ရရှိလာမှာပါ။

လေ့ကျင့်ခန်း ၁

ပုံမှာလုပ်ပြထားတဲ့အတိုင်း ထိုင်လိုက်၊ ထလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပထမပုံထဲကလိုထိုင်ပေးပြီး ဒုတိယပုံထဲကလို မတ်တပ်ရပ်ကာ ခြေထောက်တစ်ဖက်ကို အနောက်ဆန့်ထုတ်လိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်ထိုင်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ပထမပုံထဲကအတိုင်းစပြီးနေပေးပါ။ ပြီးရင် မြှောက်ထားတဲ့လက်ကို ဒုတိယပုံထဲကလို အောက်ချပြီးထိုင်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်ရပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

အရင်ဆုံး ပထမပုံထဲကလိုထိုင်ပြီး ဒုတိယပုံထဲကလို မတ်တပ်ပြန်ရပ်ကာ ခြေထောက်တစ်ဖက်က ဘေးကိုမြှောက်ပြီးကားရပါမယ်။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီလုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ပထမပုံထဲကလိုထိုင်နေရာကနေ ဒုတိယပုံထဲကလို ခုန်လိုက်ရမှာ ဖြစ်ပါတယ်။ ခုန်တဲ့အခါမှာ ခြေထောက်ကို မကွေးရပါဘူး။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

ဒါကတော့ ခြေထောက်နှစ်ဖက်ကို စုပြီးပူးကပ်ထားပြီးတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ထိုင်ထလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း အကြိမ် ၃၀ ပဲ လုပ်ရမှာပါ။

လေ့ကျင့်ခန်း ၇

ပုံမှာလုပ်ပြထားတဲ့အတိုင်း အနေအထားနှစ်မျိုးကို ဆက်တိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ (သို့) ၁၅ ကြိမ်စီ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၈

ခြေထောက်တစ်ဖက်ကို အနောက်နည်းနည်းပို့ထားပြီး ရပ်နေပါ။ ပြီးရင် အနောက်ပို့ထားတဲ့ခြေထောက်ကို ဒုတိယပုံထဲကလို ကွေးချလိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ဆက်တိုက် ဘယ်ညာတစ်လှည့်စီပြောင်းပြီး တစ်ဖက်ကို အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။