မိန်းကလေးတွေအတွက် ရင်သားလျော့တွဲကျတာမျိုးမဖြစ်ပဲ ရင်သားတင်းရင်းစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ရင်သားလျော့တွဲကျနေတာမျိုး ဖြစ်နေရင်လည်း ဒီလေ့ကျင့်ခန်းတွေက ပြန်လည်ပင့်တင်ပေးပြီး တင်းရင်းစေတဲ့အတွက် လုပ်ပေးလို့ရပါတယ်။

Dumbbell Bench Press

ပုံမှာပြထားတဲ့အတိုင်းလှဲပြီး အလေးတုံးကိုမထားပါ။ ပြီးရင် အသက်ကိုသေချာရှူပြီး ရင်ဘတ်ရှေ့မှာ အလေးတုံးနှစ်ခုကိုစုပါ။ ပြီးရင် ပုံထဲကလိုပြန်ကားပါ။ အဲ့အတိုင်း ၈ ကြိမ်ဆက်တိုက်၊ ၃ ကြော့ လုပ်ပေးရပါမယ်။

Push-ups

အလွယ်ပြောရရင်တော့ ဒိုက်ထိုးတာပါပဲ။ ပုံမှာပြထားတဲ့အနေအထားနဲ့နေပြီး လက်ကိုကွေးကာ၊ ရင်ဘတ်ကို ကြမ်းနဲ့ထိပါ။ ပြီးရင် ပုံထဲကလိုပြန်နေပါ။ အဲ့အတိုင်း ၈ ကြိမ်ဆက်တိုက်၊ ၃ ကြော့ လုပ်ပေးရပါမယ်။

Bent-Over Lateral Raise

အလေးတုံးကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကိုစု၊ ခန္ဓာကိုယ်က အရှေ့ကိုနည်းနည်းကုန်းနေပါ။ အဲ့အနေအထားနဲ့နေပြီး အလေးကို ရင်ဘတ်ရှေ့မှာစုလိုက်၊ ပုံထဲကလိုပြန်ကားလိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အရေအတွက်ကတော့ ၈ ကြိမ်ဆက်တိုက်၊ ၃ ကြော့ပါပဲ။

Exercise Ball Dumbbell Pullover

လေ့ကျင့်ခန်းလုပ်တဲ့ Exercise Ball ရှိရင် ဒီလေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ပုံမှာပြထားတဲ့အတိုင်းနေပြီး အလေးကိုလက်နှစ်ဖက်နဲ့ကိုင်ကာ မျက်နှာရှေ့ထားလိုက်၊ ဦးခေါင်းအနောက်ကိုထားလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း ၈ ကြိမ်ဆက်တိုက်၊ ၃ ကြော့ လုပ်ပေးရမှာဖြစ်ပါတယ်။

Butterfly Machine

Butterfly Machine နဲ့ဆော့ပေးခြင်းကလည်း ရင်သားလျော့တွဲကျတာကို ပြန်လည်ပင့်တင်ပေးပြီး ရင်သားတင်းရင်းစေပါတယ်။ လုပ်မယ်ဆိုရင် သူ့ကိုလည်း ၈ ကြိမ်ဆက်တိုက်၊ ၃ ကြော့ လုပ်ပေးပါ။

Cobra Pose

ပုံမှာပြထားတဲ့အတိုင်း Cobra Pose နဲ့ ၃ စက္ကန့်နေပေးပါ။ အချိန်ပြည့်ရင် ခဏနားပြီး နောက်ထပ် ၅ ကြော့ ထပ်လုပ်ပေးပါ။ နေရမယ့်ကြာချိန်က ၃ စက္ကန့်ပါပဲ။