ပေါင်လုံးတုတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပေါင်လုံးသေးပြီး သွယ်လျလှပသွားစေမယ့် လေ့ကျင့်ခန်းတချို့ကို မျှဝေပေးလိုက်ပါတယ်။ ဘာအကူအညီမှမပါပဲ အိမ်မှာ ကိုယ်တိုင်လုပ်ရမယ့် လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် အချိန်ယူပြီး သေချာလုပ်ပေးဖို့တော့ လိုပါတယ်။ ချက်ချင်းတော့ သိသာလာမှာ မဟုတ်ပါဘူး။ အချိန်ပေးရပါလိမ့်မယ်။

လက်ကို ရှေ့ဆန့်ပြီး ထိုင်ထပုံစံမျိုး လုပ်ပေးရမှာပါ။ ပုံမှာပြထားတဲ့ အနေအထားလောက် တစ်ဝက်ပဲ ထိုင်ပေးရပါမယ်။ လုပ်ပေးရမယ့်အကြိမ်ရေကတော့ အကြိမ် ၃၀ ပါ။

ပုံမှာပြထားတဲ့အနေအထားနဲ့နေပြီး ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက် လုပ်ပေးရပါမယ်။ ဘယ်၊ ညာ တစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး တင်ပါးကို အပေါ်ကော့လိုက်၊ အောက်ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကကွေး၊ လက်နှစ်ဖက်က အဲ့ခြေထောက်ပေါ်တင်၊ နောက်ခြေထောက်တစ်ဖက်က တစ်ဖက်ကို ဆန့်ထုတ်ရပါမယ်။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်၊ ညာ တစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းကတော့ ခုန်ပေးရမှာပါ။ ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်ကိုပါ မြှောက်ပြီး ခုံပေးရမှာပါ။ ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

ကြမ်းပြင်မှာလှဲပြီး ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း တစ်ဖက်မြှောက်လိုက်၊ တစ်ဖက်ချလိုက်နဲ့ ဆက်တိုက်လုပ်ပေးရပါမယ်။ အကြိမ် ၃၀ ဆက်တိုက်လုပ်ပြီး ခဏနားပါ။ ပြီးရင် အကြိမ် ၃၀ ဆက်တိုက် ထပ်လုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ရအောင်လုပ်ပေးပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Source:www.brightside.me