စကပ်အတို၊ ဂါဝန်အတိုလေးတွေ ဝတ်တဲ့အချိန်မှာ ခြေသလုံးသွယ်သွယ်လေးနဲ့ သွယ်လျလှပချင်တာကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပဲဖြစ်ပါတယ်။ ခြေသလုံးသွယ်သွယ်လေး ပိုင်ဆိုင်နိုင်ဖို့အတွက် ပြုလုပ်ရမယ့် အိမ်တွင်းလေ့ကျင့်ခန်းများကို ပျိုမေလေးတို့အတွက် ဖော်ပြပေးလိုက်တယ်နော်။

လေ့ကျင့်ခန်း (၁)

ပုခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ချဲထားလိုက်ပါ။ လက်နှစ်ဖက်ကို ခါးပေါ်တင်ပြီး ခါးထောက်ထားပါ။ ထို့နောက် ခြေဖနောင့်ကို ဖြည်းဖြည်းချင်းကြွလိုက်ပြီး ခြေဖျားထောက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် ခြေထေားထောက်ထားပါ။

မူလအနေအထားအတိုင်း ခြေထောက်ပြန်ချပါ။ ၂၅ ကြိမ် ၃ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

ခုံတစ်လုံးပေါ်မှာ ခါးမတ်မတ်ထိုင်ပြီး ပေါင်ပေါ်မှာ အလေးတုံး တင်ထားပါ။ ထို့နောက် ခြေဖျားထောက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် တောင့်ထားပါ။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀၊ ၃ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ပုံ (၁) အတိုင်း အလေးတုံးကိုင်ကာ ခြေထောက်နှစ်ချောင်းကို ကားထားပြီး Squat ထိုင်နေတဲ့ အနေအထားအတိုင်း ထိုင်နေပါ။ ထို့နောက် မတ်တပ်ရပ်ကာ ခြေထောက်နှစ်ဖက်ကို ကြွလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ခြေဖျားထောက်လိုက်ရပါမယ်။ မူလအနေအထားအတိုင်း Squat ပြန်ထိုင်ပါ။

ဒီလေ့ကျင့်ခန်းကိုတော့ ၁၂ ကြိမ်၊ ၃ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

တင်ပါးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ချဲထားပါ။ ညာခြေထောက်ကို အရှေ့သို့ ဆန့်တန်းပြီး လက်နှစ်ဖက်ကို ပုခုံးနဲ့ တစ်တန်းတည်း မြှောက်ထားလိုက်ပါ။ အသင့်အနေအထားဖြစ်ပြီဆိုတာနဲ့ ဘယ်ဒူးကို ကွေးကာ ထိုင်တဲ့အနေအထားပြုလုပ်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် တောင့်ထားပါ။ ထို့နောက် ဘယ်ဒူးကို ပြန်ဆန့်တန်းပါ။ ၁၀ ကြိမ် ပြည့်သွားတဲ့အခါ အခြားခြောက်ထောက်တစ်ဖက် ပြောင်းလုပ်ပေးရပါမယ်။ တစ်ဖက်ကို ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး ၂ ကြော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

လှေကားအတက်အဆင်း ပြုလုပ်တဲ့အခါမှာလည်း ခြေသလုံးအဆီကျအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းရှိပါသေးတယ်။ လှေကားအတက်အဆင်းပြုလုပ်တဲ့အခါ ခြေထောက်တစ်ပြင်လုံးကို အသုံးမပြုဘဲ ခြေချောင်းအား အသုံးပြုကာ အတက်အဆင်းပြုလုပ်ရပါမယ်။

Source: Stylecraze.com

By MyStyle Myanmar