အိမ်မှာပဲအေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ယောင်္ကျားလေးရော၊ မိန်းကလေးရောလုပ်လို့ရတဲ့ ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ပထမပုံထဲကအတုင်း လက်နှစ်ဖက်ကို အပေါ်မြှောက်ထားပါ။ ပြီးရင် ခြေထောက်နည်းနည်းကားပြီး ခုန်ရမှာပါ။ အဲ့အတိုင်း ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။
ပြီးရင်တော့ ဒုတိယပုံထဲကလို လက်ဖဝါးထောက်ပြီး ခြေထောက်ကိုကွေးထိုင်လိုက်၊ ခြေထောက်ကိုပြန်ဆန့်ထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ ၁ ကြိမ်ပဲလုပ်ရင် ရပါပြီ။

လေ့ကျင့်ခန်း ၂

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို ကွေးလိုက်၊ အနောက်ကိုပြန်ဆန့်ထုတ်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၄ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

Push up လုပ်ပေးရမှာပါ။ ထောက်ထားတဲ့လက်က မကွေးရပါဘူး။ ဆန့်ထုတ်ထားရပါမယ်။ အဲ့အတိုင်း ၁၀ စက္ကန့်မှ စက္ကန့် ၃၀၊ စက္ကန့် ၆၀ အထိ နေနိုင်အောင် နေပေးပါ။

လေ့ကျင့်ခန်း ၄

အလေးတုံးကိုကိုင်ပြီး ပထမပုံထဲကလို ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်ပြီးကွေးလိုက်၊ မတ်တပ်ပြန်ရပ်လိုက်နဲ့ ၄ ကြိမ်လုပ်ပေးရမှာပါ။
ပြီးရင် ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ၁ ကြိမ်ပဲလုပ်ရမှာပါ။

လေ့ကျင့်ခန်း ၅

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို ပြောင်းပြီးလုပ်သွားပေးရမှာပါ။ နှစ်မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ရပါမယ်။ စုစုပေါင်း ၈ ကြိမ် လုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

ပထမပုံထဲကလို အနေအထားနဲ့ အရင်နေပါ။ လက်ကိုလည်း အဲ့အတိုင်းပဲလုပ်ပေးပါ။ ပြီးမှ ဒုတိယပုံထဲကိလို လက်အနေအထားလုပ်ပြီး ခြေထောက်တစ်ဖက်ကို ဒူးနည်းနည်းထောင်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်လှဲပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၈ ကြိမ်စီလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၇

ပုံမှာလုပ်ပြထားသလိုပဲ ခုန်ပြီးခြေထောက်ကိုကွေးလိုက်၊ အနောက်ကို ပြန်ဆန့်ထုတ်လိုက်နဲ့ ၈ ကြိမ်လုပ်ပေးရပါမယ်။