ကဲ…ဒီနေ့မှာတော့ ခေါင်းမာလွန်းတဲ့ ဝမ်းဗိုက်ကအဆီပိုတွေကို အမြန်ဆုံးဖယ်ရှားပစ်နိုင်မယ့် ရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အခုလို အလှူပွဲတွေ မဂ်လာဆောင်တွေပေါများလွန်းတဲ့ရာသီမှာ မြန်မာဝတ်စုံတွေကို ဗိုက်ချပ်ချပ်ရပ်ရပ်လေးနဲ့ လှလှပပလေးဝတ်ဆင်နိုင်ဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါနော်။

ဒါကြောင့် အချိန်လည်းသိပ်မယူ၊ ကိုယ်အလေးချိန်လည်းချတဲ့အခါမှာလည်း အလွန်ထိရောက်မှုရှိတဲ့ ဗိုက်ချပ်ရပ်စေမယ့် လွယ်ကူသက်သာလေ့ကျင့်ခန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

High knees

ခြေထောက်နှစ်ဖက်ချဲ့ထားပြီး မတ်မတ်ရပ်ကာ ရှေ့ကိုတည့်တည့်ကြည့်ပါ။ လက်နှစ်ဖက်ကိုလည်း ဘေးမှာချထားပြီး ဒူးတစ်ဖက်စီကို မြင့်နိုင်သမျှမြင့်အောင် ခုန်လိုက်ပါ။

Crunches

ပက်လက်လှန်အနေအထားမှာ ဒူးနှစ်ဖက်ကိုကွေးထားပါ။ ပခုံးကို ဒူးနှင့်ထိခါနီးအထိ ကုန်းလိုက်ပါ။

Low plank

ဒိုက်ထိုးအနေအထားနဲ့ လက်ကို ၉၀ ဒီဂရီကွေးထားကာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အလေးချိန်ကို လက်မောင်းတွေမှာ ထားထားပါ။ တံတောင်ဆစ်တွေဟာ ပခုံးနဲ့တိုက်ရိုက်အောက်မှာ ရှိနေရမှာဖြစ်ပြီး ခေါင်းကနေ ခြေထောက်အဆုံး ဖြောင့်ဖြောင့်ထားပါ။ ကြာနိုင်သမျှကြာအောင် ထိုအနေအထားမှာ နေပေးပါ။

Side plank crunches

ဘေးတစ်ခြမ်းစောင်းပြီး ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ထိကာ နောက်တစ်ဖက်ကို မြှောက်လိုက်ပါ။ ဒူးကွေးလိုက်ပြီး တံတောင်ဆစ်နဲ့ ဒူးထိပ်အနားထိရောက်အောင် ကွေးလိုက်ပါ။

Lunge and twist

ခြေထောက်နှစ်ဖက် ကပ်ပြီးရပ်ပါ။ ဘယ်ခြေထောက်ကို ရှေ့ထုတ်ကာ နောက်ခြေထောက်ကို ဆန့်ဆန့်ထားပါ။ လက်နှစ်ဖက်ကို ပူးလိုက်ပြီး ဘယ်ခြေဖက်သို့ ခါးကိုလှည့်လိုက်ပါ။ နောက်တဖက်ကိုလည်း ထိုနည်းတူပဲ ပြုလုပ်ပေးပါ။