ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးအချက်ပါပဲ။ တစ်ခါတလေတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ချို့ယွင်းချက် တစ်ခုခုကြောင့် ယုံကြည်မှုနည်းပါးတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ဖို့ လေ့ကျင့်ခန်းလုပ်ပေးတာတွေ၊ အစားအသောက် ဂရုစိုက်တာတွေ လုပ်ပေးရပါတယ်။ သင်က သင့်ရဲ့ ရင်သားကို တင်းတင်းရင်းရင်းနဲ့ ပိုထွားလာစေဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

၁။ ဒိုက်ထိုးပါ


စစချင်း သုံးကြိမ်ကို ငါးခါ စလုပ်ပါ။ ရိုးရိုးဒိုက်ထိုးတာမရရင် ဒူးထောက်ပြီး ဒိုက်ထိုးတဲ့ပုံစံမျိုးနဲ့ စလုပ်ပါ။

၂။ နံရံသုံးတဲ့ လေ့ကျင့်ခန်း


ပုံထဲက အတိုင်းနံရံအကူအညီနဲ့ လေ့ကျင့်ပေးပါ။ ခြောက်ကြိမ် ငါးခေါက်နဲ့ စလုပ်ပေးပါ။ နောက်နေ့တွေ တဖြညး်ဖြည်းနဲ့ အကြိမ်ရေတိုးသွားလို့ရပါတယ်။

၃။ လက်မောင်းလှည့်ခြင်း


လက်မောင်းကို ဘယ်ညာတန်းထားပြီး စက်ဝိုင်းပုံစံပတ်ပေးပါ။ ဆယ်ကြိမ်ကို ရှေ့ဘက် ပတ်ပေးပါ။ နောက်ဆယ်ကြိမ်ကို ဆန့်ကျင်ဘက် ပတ်ပေးပါ။ အနည်းဆုံး သုံးကြိမ် ထပ်လုပ်ပေးပါ။

၄။ ခုံနဲ့ ဒိုက်ထိုးနည်း


ဒိုက်ထိုးတဲ့ပုံစံကိုမှ ခုံအကူအညီနဲ့ ဒိုက်ထိုးရမှာဖြစ်ပါတယ်။ အောက်ဘက်နိမ့်သွားတဲ့အခါ ခဏကြာထားပြီး နဂိုအနေအထားပြန်သွားပေးပါ။ သုံးကြိမ် သုံးခေါက်ပြုလုပ်ပေးပါ။

၅။ Chest dips

အားကစားလုပ်တဲ့ ခုံမရှိရင် ရိုးရိုးခုံသုံးလည်း ရပါတယ်။ ဒါပေမဲ့ နောက်မှာ နံရံရှိဖို့ လိုပါမယ်။ ခုံနောက်ပြန်လဲကျတာမျိုး မဖြစ်စေဖို့ပါ။ ပုံထဲကအတိုင်း ပေါင်နဲ့ တင်ပါးက တစ်တန်းတည်းဖြစ်နေရပါမယ်။ တံတောင်အားနဲ့ အောက်ဘက်ထိုင်ချပေးပါ။ ပြီးနောက် နဂိုနေရာပြန်သွားပေးပါ။ ငါးကြိမ် သုံးခါ ပြုလုပ်ပေးပါ။

Source: beautyhealthtips.in

By Mystyle Myanmar

https://youtu.be/IByM7vOUQg0?t=11