လူတွေများအားဖြင့် လေ့ကျင့်ခန်းကို ကိုယ်အလေးချိန်လျှော့ကျစေဖို့အတွက် ပြုလုပ်ကြပါတယ်။

စာဖတ်သူတို့အနေနဲ့ ပိန်ပိန်ပါးပါးလေးဖြစ်ပြီး ကိုယ်အလေးချိန်ကျချင်ရင်တော့ ရှောင်ရမယ့် ဆောင်ရမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးပါမယ်။

၁။ ခါးသွယ်စေမယ့်လေ့ကျင့်ခန်း

ဝမ်းဗိုက်ကအဆီတွေကျပြီး ခါးလေးနားက အဆီတွေကျစေမယ့် လေ့ကျင့်ခန်းကို ဝိတ်မတုံးမပါဘဲပြုလုပ်ပေးသင့်ပါတယ်။

၂။ Squat လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ တင်သားနဲ့ ပေါင်သားက အဆီကျစေဖို့ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာ ဝိတ်တုံးကြီးမပြီးမလုပ်ပါနဲ့။ အဲလို ဝိတ်တုံးမတာမျိုးမဟုတ်ဘဲ အခါ ၂၀ ၃၀ လောက်လုပ်ပေးပါ။ အဲဒီအခါ ၂၀ ၃၀ ကို ၄ ကြိမ် ၅ ကြိမ်ပြန်လုပ်ပေးပါ။ တစ်ကြိမ်ချင်းစီမှာ စက္ကန့် ၃၀ ၊ ၄၀ ထက်ပိုမနားသင့်ပါဘူး။

၃။ ပေါင်အပြင်ပိုင်းနဲ့ အတွင်းပိုင်းက အဆီတွေ လောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်တဲ့ဒီလေ့ကျင့်ခန်းမှာ စက်ကိရိယာအကူအညီမပါဘဲ ဒီအတိုင်းလုပ်ပါ။

သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကိုယ်အလေးချိန်ကျဖို့ အကူအညီမဖြစ်တဲ့ လေ့ကျင့်ခန်း နဲ့ ထိရောက်တဲ့လေ့ကျင့်ခန်း

၄။ ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ Plank ဆိုတဲ့ ေ့လကျင့်ခန်းနဲ့လုပ်လို့ရပါတယ်။ သင်ဟာ ကိုယ်အလေးချိန်များနေတဲ့သူဆိုရင် ဒိုက်ထိုးလေ့ကျင့်ခန်းက သင့်ရဲ့ ပုခုံးနဲ့ လက်မောင်းသားကို ပိုပြီး ကြီးလာ ကျယ်လာစေပါတ်။ Plank လေ့ကျင့်ခန်းလေးက သင့်ရဲ့ ကြွက်သားတွေကိုလည်း သန်မာစေပြီး ဝမ်းဗိုက်ကအဆီတွေလည်း ကျစေပါတယ်။