ရင်သားလျော့တွဲကျတာမျိုး ဖြစ်လာရင် လေ့ကျင့်ခန်းသာလုပ်ပါ။ ပြန်လည်တင်းရင်းပြီး လှပလာပါလိမ့်မယ်။ Gym မသွားနိုင်တဲ့သူတွေအတွက် အိမ်မှာ အေးဆေးလုပ်လို့ရအောင် ရင်သားလျော့တွဲကျတာသက်သာပြီး ရင်သားပြန်လည်တင်းရင်းလာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေဖြစ်လို့ နေ့တိုင်း အချိန်နည်းနည်းပေးပြီး လုပ်ကြည့်ပါ။ သေချာဇွဲရှိရှိနဲ့လုပ်ရင် သိသာတဲ့ရလဒ်ကောင်းကို ရရှိလာမှာပါ။
လေ့ကျင့်ခန်း ၁
ယောဂဖျာပေါ်မှာ ဒူးထောက်ပြီး Body ကို ပုံမှာလုပ်ပြထားသလို အနောက်ကိုလန်ပြီး နေရပါမယ်။ လက်နှစ်ဖက်က ခြေဖဝါးကို ကိုင်ထားရပါမယ်။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ်လုပ်ကာ စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခဏနားပြီး ထပ်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ် လုပ်ပေးပါ။
လေ့ကျင့်ခန်း ၂
ဒီလေ့ကျင့်ခန်းကတော့ လှဲတဲ့အခါမှာ ခြေထောက်ကိုလည်း ဆန့်ထုတ်ထားရမှာဖြစ်သလို ခါးကိုလည်း ပုံမှာလုပ်ပြထားသလို ဆန့်ပြီးကော့ထားရပါမယ်။ လက်လည်း ထောက်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခဏအကြောပြန်ဆန့်လိုက်၊ ပြန်လုပ်လိုက်နဲ့ သူ့ကိုလည်း အနည်းဆုံး ၅ ကြိမ် လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း ၃
ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို ဘေးပိုကားပြီး ခါးစောင်းကာ လက်အနေအထားကိုလည်း ၉၀ ဒီဂရီ ဆန့်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ လောက်နေပေးပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းလုပ်ပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ် လုပ်ပေးပါ။
လေ့ကျင့်ခန်း ၄
ယောဂဖျာပေါ်မှာလှဲပြီး ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုကွေးကာ လက်နဲ့ထိအောင် ဆုပ်ကိုင်ထားပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ် လုပ်ပေးပါ။