တင်ပါးမှာ မလိုအပ်တဲ့ အဆီပိုတွေရှိနေလို့ အဆီတွေလျှော့ချချင်နေတဲ့ သူတွေအတွက် တင်ပါးကအဆီတွေ လျော့ကျစေဖို့ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအလွယ်တကူလုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေချည်းပဲ ဖြစ်ပါတယ်။

Squats

Squats ထိုင်ပေးခြင်းက တင်ပါးလှပစေပြီး တင်ပါးက မလိုအပ်တဲ့ အဆီတွေကိုလည်း လျော့ကျစေပါတယ်။ ပုံမှာလုပ်ပြထားသလို အကြိမ် ၂၀၊ အကြိမ် ၃၀ လောက် လုပ်ပေးရုံပါပဲ။

Lunges

Lunges လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက တင်ပါးက မလိုအပ်တဲ့အဆီတွေကို လျှော့ချပေးပြီး တင်ကျစ်လစ်လှပစေပါတယ်။

Step-ups

တင်ပါးကြွက်သားတွေ တင်းရင်းစေပြီး တင်ပါးကမလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ တင်ထွက်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှာလုပ်ပြထားတဲ့အတိုင်းသာ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။

Glute bridges

ဒီလေ့ကျင့်ခန်းက တင်ထွက်လာစေပြီး တင်ပါးလှပစေပါတယ်။ တင်ပါးကမလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပြီး အကြိမ် ၃၀ ရအောင် လုပ်ပေးရပါမယ်။ အမြန်မလုပ်ပဲ ဖြေးဖြေးနဲ့မှန်မှန်ပဲ လုပ်သွားပေးပါ။

Chair Pose

ပုံမှာလုပ်ပြထားတဲ့ Chair Pose အနေအထားနဲ့ ၁၅ စက္ကန့်နေပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပြီး ၁၅ စက္ကန့် ထပ်နေပါ။ အဲ့အတိုင်း ၁၀ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။ Chair Pose လုပ်ပေးခြင်းက တင်ပါးအဆီတင်မဟုတ်ပဲ ပေါင်ကမလိုအပ်တဲ့ အဆီပိုတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းလည်း ပိုသန်မာလာစေပါတယ်။

Side-Lying Hip Abduction

ဒီလေ့ကျင့်ခန်းမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်းသာ ဘယ်ညာတစ်လှည့်စီ လုပ်သွားပါ။ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။ တင်ပါးအဆီတင်မဟုတ်ပဲ ပေါင်နဲ့ ခြေထောက်က အဆီတွေပါ လျော့ကျစေပါတယ်။

Pigeon Pose

Pigeon Pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။ သူက တင်ပါးအဆီကျစေပြီး ခန္ဓာကိုယ်ပါ ပျော့ပျောင်းလာစေဖို့ ကူညီပေးပါတယ်။