အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဗိုက်မှာ အဆီပိုမရှိဘဲ ချပ်ရပ်နေစေဖို့ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရင်ကောင်းမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။

၁။ Bicycle (Cross-Crunch)

အရင်ဆုံးကျောလှဲနေပါ။ ပြီးရင် အခုပုံမှာပြထားသလိုမျိုးနေပြီး စက်ဘီးနင်းသလိုမျိုးလုပ်ပေးပါ။

အဲဒီလိုလုပ်ပေးတဲ့အခါ ညာဖက်ဒူးက ဘယ်ဖက်တဒေါင်ဖက်ကိုယူပြီးမပေးရမယ်။ ဘယ်ဖက်ဒူးကညာဖက် တဒေါင်ဖက်ကိုယူပြီးမပေးရပါမယ်။ ဘယ်ညာကို ၁ လို့မှတ်ပါ။ အကြိမ် ၃၀ လုပ်ရပါမယ်။

၂။ Side Crunch

အရင်ဆုံးပုံမှာပြထားသလိုမျိုးနေပေးပါ။ ပြီးရင်တော့ အိပ်ထမတင်လိုမျိုးလုပ်ပေးရမှာပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပြီး ညာဖက်လက်တဒေါင်က ဘယ်ဖက်ဒူးနားကိုထိအောင် ကြွပေးပါ။ မထိလည်းရပါတယ်။ ကိုယ်ကြွနိုင်သလောက်ကြွပေးရမှာပါ။ အသက်ရှှူဖို့ ထုတ်ဖိုပလည်းမမေ့ပါနဲပနော်။ ၁၅ ကြိမ်လုပ်ပါ။

၃။ Vertical Leg Crunch

အရင်ဆုံးကျောလှဲနေလိုက်ပါ။ ပြီးရင်တော့ ခြေထောက်နှစ်ဖက်ကို မတ်မတ်ထောင်ပေးလိုက်ပြီး ခန္ဓာကိုယ်ကို ကြွနိုင်သလောက်ကြွလိုက်ပါ။ ၁၅ ကြိမ်လုပ်ပါ။

၄။ Long Arm Crunch

အခုပုံမှာပြထားသလိုပါပဲ။ ဒူးလေးကို ထောင်ထားပြီးကျောလှဲနေပါ။ လက်နှစ်ဖက်ကိုဆန့်ပြီးထလိုက်ပါ။ အကြိမ် ၃၀ လုပ်ပါ။

၅။ Plank Hip Dips


အရင်ဆုံး ပုံမှာပြထားသလိုမျိုး နေပေးပါ။ ပြီးရင်ခန္ဓာကိုယ်ကို ဟိုဖက်ဒီဖက် ဖြည်းဖြည်းလှည့်ပေးပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၆။ Side Plank

အခုပုံမှာပြထားသလိုပဲ လက်တစ်ဖက်ထောက်ပြီး ကျန်တဲ့တစ်ဖက်ကို ခေါင်းနောက်မှာထားပေးထားပါ။ အဲဒီအတိုင်း ၁၀ စက္ကန့်လောက်နေပါ။ နောက်တစ်ဖက်ကိုပြောင်းပါ။

၇။ Cobra Pose

အကျောလည်းပြေ အညောင်းလည်းပြေစေတဲ့ ဒီလေ့ကျင့်ခန်းကို သဘောကျမယ်လို့ထင်ပါတယ်နော်။ အခုပုံမှာပြထားသလိုမျိုးနေပေးပြီးအသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုက်ပေးပါ။ ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အထိလုပ်ပါ။

Photo: Brightside.me

By: MyStyle Myanmar