ခန္ဓာကိုယ် ပြည့်လာတယ်ဆိုရင် ဗိုက်အဆီထွက်လာသလို ပေါင်ကလည်း အဆီပိုတွေ ထွက်လာတတ်ပါတယ်။ ကိုယ်လမ်းလျှောက်လိုက်တိုင်း ပေါင်အဆီနဲ့ တုန်နေမယ်၊ ဒါမှမဟုတ် သင်က ပေါင်ပွန်းတဲ့ ခံစားချက်ကို ရနေပြီဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ လိုလာပါပြီ။ ဒီလိုပဲ ဝတ်နေကျ အဝတ်အစားတွေ မတော်တော့ဘူးဆိုရင် လေ့ကျင့်ခန်းလုပ်သင့်တဲ့ လက္ခဏာပါပဲ။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကတော့ ဗိုက်အဆီနဲ့ ပေါင်ပေါ်က အဆီတွေကို ဖယ်ရှားပြီး သင့်ခန္ဓာကိုယ် ကျစ်လစ်လာစေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

၁။ Bicycle Crunch

Photo Source: Gfycat

လက်နှစ်ဖက်နဲ့ ခေါင်းကို မထားကာ ဘယ်ဘက် တံတောင်နဲ့ ညာဘက် ဒူးကို ထိအောင် လုပ်ပေးရပါမယ်။ ပြီးနောက် ညာဘက် တံတောင်ကို ဘယ်ဘက်ဒူးနဲ့ နီးအောင် ကပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ပေါင်တံ အဆီကျစေပြီး ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းပါ။

၂။ Leg In and Out

Photo Source: Tenor

ထိုင်လျက်အနေအထားနဲ့ လက်ကို နောက်ဘက်မှာ ထောက်ပေးထားရပါမယ်။ ပြီးနောက် ခြေထောက်ကို မြေပြင်နဲ့ မထိအောင် ဆန့်လျက် အနေအထားနဲ့ စပေးရပါမယ်။ ပြီးနောက် ခြေထောက်ကို ဆန့်လျက်နဲ့ ဒူးနဲ့ ရင်ဘတ်နီးအောင် ကပ်ပေးရပါမယ်။ ဒါပြီးရင် နဂို ဆန့်လျက် အနေအထားကို ပြန်သွားနိုင်ပါပြီ။

၃။ Leg Raise and Clap

Photo Source: Gym Guider

အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို ဆန့်ထားရပါမယ်။ ပြီးနောက် ခြေထောက်ကို အပေါ် မြှောက်ပေးရပါမယ်။ အပေါ်ဘက် ခြေထောက် ရောက်တဲ့အချိန် ခန္ဓာကိုယ်ကို မ ကာ လက်ခုပ်တီးပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကလည်း ဗိုက်အဆီနဲ့ ပေါင်အဆီကို ကျစေပါလိမ့်မယ်။

၄။ Scissors

Photo Source: Pinterest

အိပ်လျက်အနေအထားနဲ့ပဲ ခြေထောက်ကို မြေပြင်နဲ့ မထိဘဲ ဆန့်ထားရပါမယ်။ ခြေထောက်နှစ်ဘက်ကို ကတ်ကြေးညှပ်တဲ့ပုံစံ အပေါ်အောက် Cross ပုံစံ လုပ်ပေးရပါမယ်။

၅။ Spiderman Plank

Photo Source: Spotebi

တံတောင်နဲ့ Plank ထောက်ထားကာ စတင်ပေးရပါမယ်။ ပြီးနောက် ခြေထောက် တစ်ဘက်ဆီကို ဘေးဘက်ဆီ ကွေးပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ဗိုက်ကိုရော ပေါင်ကိုပါ ထိစေမယ့် လေ့ကျင့်ခန်းကောင်းတစ်ခုပါ။

By MyStyle Myanmar