အားလုံးပဲမင်္ဂလာပါနော်။ တင်သားကို ကျစ်လျစ်လှပစေဖို့အတွက် လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းကို တကူးတက အချိန်ပေးပြီးမလုပ်ချင်သူတွေ၊ ဒါမှမဟုတ် Gym တကူးတကသွားပြီးမကစားချင်သူ အပျင်းကြီးတတ်တဲ့သူတွေအတွက် မိမိအိမ်မှာပဲ အလွယ်တကူ ပြုလုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ခြေထောက်ကို ကွေးချည် ဆန့်ချည်လုပ်မယ် (၁၅ ကြိမ်)

၂။ ကုတင်ကိုမှီပြီး အခုလို လုပ်မယ် (၁၅ ကြိမ်)

၃။ လေးဖက်ထောက်ပြီး ခြေထောက်ကို ဘေးဖက်ကန်မယ် (တစ်ဖက်ကို ၁၅ ကြိမ်)

၄။ လေးဖက်ထောက်ပြီးခြေထောက်ကို အနောက်ဖက်ကန်မယ် (တစ်ဖက်ကို ၁၅ ကြိမ်)

၅။ Z လိုပုံစံမျိုးနေပြီး ခြေထောက်ကို မပေးမယ် (တစ်ဖက်ကို ၁၅ ကြိမ်)

၆။ မတ်တပ်ရပ်ပြီး ဘေးဖက်ကို ကန်မယ် (တစ်ဖက်ကို ၁၅ ကြိမ်)

၇။ ခြေထောက်တစ်ဖက်ထောက် ကျန်တစ်ဖက်ကို အနောက်ပစ် လက်နှစ်ဖက်ကို တန်းတန်းဆန့်ပြီး နေမယ် (တစ်ခါနေရင် စက္ကန့် ၂၀ မှ ၃၀ အထိ ၊ တစ်ဖက်ကို ၁၅ ကြိမ်စီ)

၈။ Hip Bridge (အခုပုံမှပြထားသလို ကျောလှဲပြီးလုပ်ပေးမယ်။ ၁၅ ကြိမ်)

၉။ အလေးတုံးအသေးတစ်ခုတင်ပြီး ခြေထောက်ကို မမယ် (တစ်ဖက်ကို ၁၅ ကြိမ်)

၁၀။ လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးလေးနဲ့ အခုလို လုပ်မယ်။ ၁၀ စက္ကန့်လောက်ရပ်နေမယ်။ (၁၀ ကြိမ်)

Source: www.brightside.me