အဆီကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးချတာက အကောင်းဆုံးပါပဲ။ သူ့နေရာနဲ့သူ အဆီကျပြီး အချိုးကျလှပစေသလို အန္တရာယ်လည်း ကင်းပါတယ်။ ဒါကြောင့် အဆီကျချင်တဲ့ အမျိုးသမီးများအတွက် အမြန်ဆုံးအဆီကျစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

High Knees

ပုံမှာလုပ်ပြထားသလို ဘယ်ခြေထောက်မြှောက်လိုက်၊ ညာခြေထောက်မြှောက်လိုက်နဲ့ လုပ်ပေးရမှာပါ။ မြှောက်တဲ့အခါမှာ ခြေထောက်ကွေးထားပြီး မြှောက်တာက ရင်ဘတ်နားအထိ ရောက်ရပါမယ်။ ဖြေးဖြေးချင်းစီမလုပ်ပဲ နည်းနည်းမြန်မြန်လေး လုပ်ပေးရပါမယ်။

Jumping Lunges

ပုံထဲကလို ထိုင်လိုက်၊ ထပြီးခုန်လိုက်၊ ပြန်ထိုင်လိုက်နဲ့ လုပ်ပေးရမှာပါ။ ထိုင်တဲ့အခါမှာ ပထမတစ်ကြိမ်က ဘယ်ခြေထောက်ကွေးပြီး ညာခြေထောက် နောက်ဆုတ်ပါ။ ခုန်ပြီး ပြန်ထိုင်တဲ့အခါမှာတော့ ညာခြေထောက်ကွေးပြီး ဘယ်ခြေထောက် နောက်ဆုတ်ပါ။ ခုန်တဲ့အခါမှာကျတော့ ခြေထောက်ကို ကွေးလို့မရပါဘူး။

Mountain Climbers

ပုံမှာပြထားတဲ့အတိုင်းနေပြီး ဘယ်ခြေထောက်ကွေးလိုက်၊ ညာခြေထောက်ကွေးလိုက်နဲ့ လုပ်ရမှာပါ။ ဆန့်ထားတဲ့ခြေထောက်က တန်းနေအောင် ဆန့်ရပါမယ်။ ဖြေးဖြေးချင်းမလုပ်ပဲ နည်းနည်းမြန်မြန်လေး လုပ်ပေးပါ။

Rope Jumping

ကြိုးခုန်ပေးခြင်းက အဆီတွေအမြန်ဆုံးလျော့ကျစေပြီး Stress တွေလည်း လျော့ကျစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

Jump Squats

ပုံမှာလုပ်ပြထားတဲ့ အဆင့် ၂ ဆင့်အတိုင်း Jump Squats လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ကိုဆန့်ထားပါ။ ခုန်တဲ့အခါမှာလည်း ခြေထောက်ကို တန်းနေအောင် ဆန့်ထားပါ။ မြန်မြန်သွက်သွက်လေး လုပ်ပေးပါ။

Russian Twist

ပုံမှာလုပ်ပြထားသလို ခြေထောက်ကို မြှောက်ထားပြီး လက်နှစ်ဖက်ကို ဆုပ်ထားပါ။ အဲ့အတိုင်း ခါးကိုပဲ ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်နဲ့ လုပ်ပေးရမှာပါ။ ခါးနဲ့ဗိုက်အဆီကျစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။

Bicycle Crunches

ခြေထောက်တစ်ဖက်ကို နည်းနည်းမြှောက်ထားပြီး တန်းနေအောင် ဆန့်ထားပါ။ ညာခြေထောက်ဆန့်၊ ဘယ်ခြေထောက်ကွေး၊ ဘယ်ခြေထောက်ဆန့်၊ ညာခြေထောက်ကွေးနဲ့ ဘယ်ညာတစ်လှည့်စီ ဆက်တိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေ အားလုံးကိုသာ နေ့တိုင်း ၃ ရက်လုပ်၊ ၁ ရက်နား Plan နဲ့ သေချာလုပ်ပေးသွားဆိုရင် အမြန်ဆုံး အဆီကျပြီး အချိုးအစားကျ လှပလာမှာပါ။