မင်္ဂလာပါ… ပျိုမဒီတို့ရေ… မျက်နှာမှာအဆီပိုတွေရှိနေလို့ .. မေးနှစ်ထပ်ဖြစ်နေလို့… စိတ်ညစ်နေလား ? ဒါဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို တစ်လလောက် ပုံမှန်လုပ်ပေးပါ။ မျက်နှာအဆီပိုတွေကို လျှော့ချပေးနိုင်ပြီး မျက်နှာကို ပိန်သွယ်စေနိုင်ပါတယ်။
သက်တောင့်သက်သာထိုင်လုပ်လို့ရပြီး တစ်နေ့ကို ၁၀ မိနစ်ကနေ ၂၀ မိနစ်ခန့် အချိန်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်းမှာ သိသာတဲ့ရလဒ်ကို မြင်ရမှာပါ။

Simha Mudra (Lion Pose)

Simha Mudra က မျက်နှာမှာရှိတဲ့ ကြွက်သားအားလုံးကို လှုံ့ဆော်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းက မျက်နှာနဲ့ လည်ပင်းရဲ့ သိုင်းရွိုက်ဂလင်းများအတွက် အကောင်းဆုံး Asanas တစ်ခုပါ။
ဒူးထောက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ပါ။ မေးရိုးကိုချပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပါ။ လျှာကို အောက်၊ မေးစေ့ဆီ အတင်းဆွဲထုတ်ပါ။ ခြင်္သေ့ဟောက်သံကို ထပ်တူပြုတဲ့ လည်ချောင်းအောက်က အသံကို ပါးစပ်နဲ့ အသက်ရှုပါ။ လေ့ကျင့်ခန်းကို နှစ်ကြိမ်ပြန်လုပ်ပါ။

Jivha Bandha (Locked Tongue Pose)

Jivha Bandha က မျက်နှာက မျက်နှာကအဆီတွေကိုချေဖြတ်ပြီး မေးရိုးလိုင်းကို ပုံသွင်းပေးပါတယ်။ လက်ကို ပေါင်ပေါ်တင်ပြီး သက်တောင့်သက်သာထားပါ။ ပါးစပ်ထဲကို တခုခုမျိုချဖို့ ကြိုးစားသလိုမျိုး လျှာထိပ်ဖျားကို ပါးစပ်ရဲ့ အပေါ်ဘက်နံရံမှာ ထိလိုက်ပါ။ နှစ်ခါပြန်လုပ်ပါ။ နှာခေါင်ကနေတဆင့် ပုံမှန်အသက်ရှူပါ။

Jalandhar Bandha (Chin Lock)

Jalandhar Bandha က မျက်နှာကို ပုံသွင်းပေးပြီး မေးစေ့နှစ်ထပ်ရှိသူများအတွက် အကျိုးရှိစေပါတယ်။ အသက်ပြင်းပြင်းရှူပါ။ တင်ပျဥ်ခွေပြီး လက်တွေကို ဒူးပေါ်တင်ကာ မေးစိကို အောက်နဲ့ထိအောင် ခေါင်းကို ရှေ့/အောက်ဘက်ကို ကွေးလိုက်ပါ။

Fish Face

Fish Face က ပါးပြင်က ကြွက်သားတွေကို ဆန့်ထုတ်တာကြောင့် ပါးပြင်ကို ပျော့ပျောင်းစေပြီး မျက်နှာကို ချောမွေ့စေပါတယ်။ နှုတ်ခမ်းများကို အတွင်းပိုင်းအထိ စုပ်ယူပြီး ငါးမျက်နှာကို ပုံတူလုပ်ကြည့်ပါ။ ပါးနဲ့မေးရိုးမှာ နာလာရင် ခနနားပြီး လေ့ကျင့်ခန်း ပြန်လုပ်ပါ။

Mouthwash Technique

Mouthwash Technique က မေးနှစ်ထပ်ကို ပျောက်စေတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ ပါးစပ်ကို လေဖြည့်လိုက်ပါ။ ပလုပ်ကျင်းသလို လေကို တဖက်စီပို့ပေးပါ။ မိနစ်အနည်းငယ်ကြာ လုပ်ပြီး ခနနားပါ။ နှစ်ကြိမ် ထပ်လုပ်ပါ။

Chin Lift

Chin Lift က မေးစေ့နှစ်ထပ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ မက်တပ်ရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်ပါ။ မျက်နှာကျက်ကို နမ်းချင်သလို နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး ရှေ့ကို ပြူးထွက်အောင် လုပ်ပါ။ အဲဒါကို စက္ကန့်အနည်းငယ်လောက် ဖိထားပြီး လွှတ်ပေးလိုက်ပါ။ ခနနားပါ။ နှစ်ကြိမ် ထပ်လုပ်ပါ။