၀မ်းဗိုက်နဲ့ ခါးနားကအဆီချချင်ရင် အပျင်းကြီးနေလို့မရဘူးဆိုတာ လူတိုင်းလက်ခံလာကြပါပြီ။ အဓိကအရေးကြီးဆုံးကတော့ အာဟာရဓာတ်သင့်တင့်မျှတအောင်စားသုံးပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးဖို့လိုအပ်ပါတယ်။ ခါးလေးမှာအဆီပိုတွေရှိတဲ့ပြဿနာဟာ ကမ္ဘာပေါ်ကလူဦးရေ တစ်ဝက်ကျော်ကျော်လောက် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကြည့်ရဆိုးစေတဲ့ ခါးဘေးကအဆီတွေကို လျင်မြန်စွာဖယ်ရှားပေးနိုင်မယ့်လေ့ကျင့်ခန်းလေးကိုမျှဝေပေးလိုက်ပါတယ်နော်။

Russian Twists

၁။ အရင်ဆုံး အခုပုံမှာပြထားသလို ခြေထောက်နှစ်ဖက်ကို နည်းနည်းမထားပြီး လက်နှစ်ဖက်ကိုစုကာအရှေ့ဖက်ထားထားပါ။ ပြီးရင် ဘေးတစ်ဖက်ဆီကို ရွှေ့ပေးပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၂။ အရင်ဆုံးမတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပေးပါ။ လက်တစ်ဖက်ကို ဘေးချပြီးတစ်ဖက်ကို ခေါင်းပေါ်ကာဝိုက် ချထားတဲ့ဖက်ကို စောင်းပေးရပါမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တင်ကိုမတ်မတ်ထားရပါမယ်။ ခါးနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ စောင်းပေးရမှာပါ။ ၁၀ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၃။ အရင်ဆုံး ကျောလှဲနေပါ။ လက်နှစ်ဖက်ကို အနောက်ဖက်တန်းတန်းဆန့်ထားပါ။ခြေထောက်နှစ်ဖက်ကိုလည်း တန်းတန်းဆန့်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကိုအပေါ်မြောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းတပြိုင်တည်း ကြွပေးပါ။ ကိုယ်ကိုကြွနိုင်သလောက် ကြွပေးရပါမယ်။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၄။ အခုပုံမှာပြထားသလို ရင်ဆုံးလက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်ကိုထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို တန်းတန်းဆန့်ပြီး လက်နှစ်ဖက်ကို ကွေးလိုက်ပါ။ ဘယ်နဲ့ညာ တစ်ဖက်ကို ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၅။ အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင်လက်နှစ်ဖက်ကို ခေါင်းနောက်ကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကို နည်းနည်းမြှောက်ပြီး ကားလိုက် ကြက်ခြေခတ်ပုံလုပ်လိုက်လုပ်ပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၆။ အရင်ဆုံး ဒူးနှစ်ဖက်ထောင်ပြီး ကျောလဲနေပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်မှာချထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို ကြွပေးပါ။ အသက်ရှူပြီး ကြွပေးရပါမယ်။ ပြီးရင် အသက်အောင့်ထားပါ။ ၁၅ စက္ကန့်လောက်အောင့်ထားရပါမယ်။ ၁၅ ကြိမ်ကို ၃ ကြော့လုပ်ပေးပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို အကုန်လုံးလုပ်ပေးရမှာပါနော်။ ၃ ရက် လုပ် တစ်ရက်နားနိုင်ပါတယ်။ မနက်စောစောလုပ်ပေးတာပဲဖြစ်ဖြစ်၊ ညအိပ်ယာမဝင်ခင်လုပ်ပေးတာပဲဖြစ်ဖြစ် အဆင်ပြေတဲ့အချိန် လုပ်ပေးနိုင်ပါတယ်။ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။