တနေကုန် သွားလာလှုပ်ရှားရတဲ့အခါ (သို့) မတ်တပ်ရပ်ရတဲ့အချိန် ကြာမြင့်တဲ့အခါမျိုးမှာ ခြေထောက်များ ညောင်းညာတတ်ပါတယ်။ ဒီလို မကြာခဏ ခြေထောက် ညောင်းတတ်ခြင်းကို သက်သာစေပြီး အကြောအခြင် ပြေစေမယ့် လေ့ကျင့်ခန်းများ ရှိပါတယ်။

အခုဖော်ပြပေးမယ့် ခြေထောက် အကြောအခြင် ပြေစေမယ့် လေ့ကျင့်ခန်းများကို အိပ်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင်တော့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

တဘက် အသုံးပြုကာ ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ခြေထောက် စဉ်းထားပြီး ဆန်ပတန်းထားလိုက်ပါ။ ခြေဖဝါးအလယ်တည့်တည့်ကနေ တဘက်ကို ပုံပါအတိုင်း ထားလိုက်ပါ။ ထို့နောက် ထိုတဘက်ကို ဆွဲယူလိုက်ပါ။ ၁၅ စက္ကန့်ခန့် တောင့်ထားလိုက်ပါ။

စုစုပေါင်း ၃ကြိမ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

အရင်ဦးဆုံး ခုံပေါ်မှာ ထိုင်ပေးလိုက်ပါ။ ခြေထောက်နှစ်ဖက်ကိုတော့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပါ။

ထိ့နောက် သင့်ရဲ့လက်က ခြေမကို ဆွဲကိုင်လိုက်ပါ။ ၁၅ စက္ကန့်ခန့် တောင့်ထားလိုက်ပါ။ သူ့ကိုလည်း ၂ ကြိမ်မှ ၄ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဂေါ်လီလုံးများ အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်ပါ။

အရင်ဦးဆုံး သင်က ခုံပေါ်မှာ ထိုင်ရမှာဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာတော့ ဂေါ်လီလုံးများ ပြန့်ကျဲထားလိုက်ပါ။ ခွက်လေးတစ်လုံးလည်း ချထားလိုက်ပါ။ ထို့နောက် သင့်ရဲ့ ခြေချောင်းများကို အသုံးပြုပြီး ဂေါ်လီလုံးများကို ခွက်ထဲ ထည့်လိုက်ပါ။ ညာခြေတစ်လှည့် ဘယ်ခြေတစ်လှည့် အသုံးပြုပေးဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် တင်းနစ်ဘောလုံး (သို့) ဘေ့စ်ဘောဘောလုံးအသေးတစ်လုံး လိုအပ်ပါမယ်။

ခုံပေါ်မှာ ခါးမတ်မတ်ထိုင်နေပါ။ ထို့နောက် ဘောလုံးကို ခြေဖဝါးအလယ်တည့်တည့်မှာထားပါ။ ထို့နောက် ခြေဖနောင့်ကနေ ခြေထိပ်အထိ လှိမ့်ပေးလိုက်ရပါမယ်။ ခြေထောက်တစ်ဖက်စီကို ၁၀ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်းကတော့ မနက်အိပ်ရာနိုးနိုးချင်းမှာ ပြုလုပ်ရမှာဖြစ်ပါတယ်။

မနက်အိပ်ရာနိုးလာတဲ့အခါ အိပ်ရာပေါ်က ချက်ချင်းမထသေးဘဲ ခြေထောက်နှစ်ချောင်းကို ဆန့်တန်းကာ အပေါ်သို့ မြှောက်လိုက်ပါ။ မြှောက်လိုက် ပြန်ချလိုက်ဖြင့် ၁၀ ကြိမ်ခန့် ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးမှ အိပ်ရာထ၊ မျက်နှာသစ်ကာ လုပ်စရာရှိတာ ဆက်လုပ်လုပ်ဆောင်နိုင်ပါပြီ။

Source: Brightside