မိမိလက်မောင်းရှိ အဆီပိုတွေကြောင့် စိတ်ညစ်နေရတဲ့သူများအတွက် အဆီပိုများကို ဖယ်ရှားပေးနိုင်မယ့် လေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။

ဒီလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးတဲ့အခါ လက်မောင်းရှိအဆီပိုများ ပျောက်သွားပြီး လက်မောင်းကြွက်သားများ ကျစ်ကျစ်လျစ်လျစ်နဲ့ ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ခုံတစ်လုံးပေါ်မှာ လက်ကို နောက်ပစ်ထားပြီး လက်မောင်းအားအသုံးပြုကာ တံတောင်ကို ကွေးလိုက် ဆန့်လိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။ ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ အလေးတုံးတစ်တုံး လိုအပ်မှာဖြစ်ပါတယ်။ အလေးတုံး မရှိပါက ရေဘူးတစ်ဘူး အစားထိုး အသုံးပြုလိုက်ပါ။ ပုံပါအတိုင်း ရပ်နေပြီး လက်မောင်ကို မြှောက်ထားပါ။

ထို့နောက် တံတောင်ကို အနောက်သို့ ကွေးလိုက် ဆန့်လိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။ ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ အလေးတုံး နှစ်တုံးနဲ့ပဲ ပြုလုပ်ရပါမယ်။ အလေးတုံးကို သေချာကိုင်ပြီး တံတောင်ကို ကွေးချည် ဆန့်ချည် ပြုလုပ်ကာ အပေါ်သို့ ဆွဲမရမှာဖြစ်ပါတယ်။ ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကတော့ သာမန်ပြုလုပ်နေကျ Plank လေ့ကျင့်ခန်းကိုမှ ခန္ဓာကိုယ်ကို ပက်လက်ထားကာ Plank ထောက်ရမှာဖြစ်ပါတယ်။ တစ်မိနစ်၊ ၃ ကျော့ခန့် Plank ထောက်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ဒူးကို အနည်းငယ်ကွေးထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ညွှတ်ချထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် အလေးတုံးကို အနောက်သို့ ပစ်လိုက် အရှေ့သို့ ပြန်ကွေးလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ရပါမယ်။ ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။