လှုပ်ရှားမှုနည်းပြီး အထိုင်များလာတဲ့အခါ တက်လာတဲ့အဆီပိုတွေထဲမှာမှ ဗိုက်ကအဆီက ချရအခက်ဆုံးပါဘဲ။ ဒါကြောင့် အိမ်မှာ ကြောက်စရာကောင်းတဲ့ ဗိုက်အဆီတွေကို တိုက်ထုတ်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Boat Pose

ယောဂဖျာပေါ်မှာ အရင်ဆုံးထိုင်ပြီး ခြေထောက်တွေကို ကြမ်းပြင်ကနေ ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါ။ လက်တွေကို ဖြောင့်ဖြောင့်ထားပြီး လက်ချောင်းတွေကို ခြေထောက်ဆီ ဆန့်လိုက်ပါ။ စက္ကန့်အနည်းငယ်ကြာအောင် ထိန်းထားပြီးမှ ဖြည်းဖြည်းချင်း ပြန်ချပါ။ အနည်းဆုံး 3 မှ 4 ကြိမ်လုပ်ပါ။

Crunches

အရင်ဆုံး ခေါင်းနောက်မှာလက်ကိုထားပြီး ပက်လက်အိပ် ဒူးကွေးလိုက်ပါ။ ကွေးပြီး ခန္ဓာကိုယ်ကို ဒူးဆီ ရွှေ့လိုက်ပါ။ အသက်ပြင်းပြင်းရှူပြီး ဗိုက်သားကို ကျုံ့ပေးပါ။ တစ်စက္ကန့်လောက် ဖိထားပြီး ဖြည်းဖြည်းချင်း ပြန်သွားပါ။ အနည်းဆုံး အကြိမ် 20 ၃ ကျော့ လုပ်ပေးပါ။

​Mountain Climbers

ယောဂဖျာပေါ်မှာ Plank Pose အတိုင်းထောက်ပြီး လက်တွေကို ပခုံးအကျယ်အတိုင်း ခြားထားပါ။ ညာဘက်ဒူးကို ရင်ဘတ်ဆီရောက်အောင် ကွေးပြီး ပြန်ဆန့်လိုက်ပါ။ ဘယ်ဘက်ကိုလည်း ဒီအတိုင်း လုပ်ပေးပါ။ ခြေထောက်တွေကို အလှည့်ကျပြောင်းပြီး ဖြည်းဖြည်းချင်း အရှိန်မြှင့်ပါ။ အနည်းဆုံး စက္ကန့် 30 မှ တစ်မိနစ်အထိ လုပ်ပေးပါ။

Lying Leg Raises

ဖျာပေါ်တွင် ပက်လက်အိပ်ပြီး ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပါ။ လက်ဖဝါးကို ကြမ်းပြင်နဲ့ကပ်ထားပြီး လက်မကို တင်ပါးအောက်မှာထားပါ။ 0 ဒီဂရီ ထောင့်ပုံစံဖြစ်အောင် ခြေထောက်တွေကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပါ။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ချပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

​Traditional Plank


ဒိုက်ထိုးတော့မယ့်ပုံစံအတိုင်းနေပြီး လက်တွေကို ပခုံးအောက်မှာ ထောက်ထားပါ။ ဗိုက်ကြွက်သားကို ကျုံ့ထားပြီး အနည်းဆုံး 10 စက္ကန့်ခန့် ထိန်းထားပါ။