မင်္ဂလာပါနော်။ ဆံပင်ကြမ်းလို့ ဆံပင်ခဏခဏ ကောက်လို့ ဖြောင့်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဆံသားပျက်စီးကြမ်းတမ်းနေတဲ့ ပျိုမေတို့အတွက် သဘာဝပေးတဲ့ နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။

ဒီသဘာဝနည်းလမ်းလေးတွေက ဆံကေသာကိုလည်း အိစက်ပျော့ပြောင်းပြီး အရှည်မြန်သန်စွမ်းစေမှာပဲ့ ဖြစ်ပါတယ်နော်။

အုန်းနို့နဲ့ သံပုယိုသီး

အုန်းနို့က သင့်ဆံကေသာကို နူးညံ့ပျော့ပြောင်းစေတဲ့ သဘာဝပစ္စည်းပါပဲ။ အုန်းနို့နဲ့ ပုံမှန်ခေါင်းလျှော်ပေးရင် ဆံသားကို ဖြောင့်စင်းလာစေပါတယ်။

ပြုလုပ်နည်း

သံပုယိုသီး ၁ လုံး အုန်းနို့ ၁ ခွက်

သံပုယိုသီး ၁လုံးကို အရည်ညှစ် အုန်းနို့တစ်ခွက်နဲ့ ရောပြီး ရေခဲသေတ္တာထဲမှာ ၂ နာရီ ၃ နာရီလောက် ထားထားပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ တဘက်တစ်ခုကို ရေနွေးပူပူနဲ့ စိမ်ထားကာ အရည်ညှစ်ထုတ်လိုက်ပါ။ အဲဒီတဘက်ပူပူနဲ့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ခေါင်းမှာပေါင်းပေးထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပြီး ပေါင်းဆေးသုံးပါ။ တစ်ပတ်ကို ၃ ကြိမ် ၄ ပတ် ၅ ပတ်လောက်လုပ်ပေးပါ။

နွားနို့နဲ့ ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နွားနို့ ၁ ခွက်ကို ရောလိုက်ပါ။ ပြီးရင် စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ပြီး ရောထည့်လိုက်ပါ။ အဲဒီနောက် ဆံကေသာအရင်းကနေ အဖျားထိ လိမ်းပေးပြီး ၂ နာရီကနေ ၃ နာရီထိ ပေါင်းထားပါ။ အဲဒီနောက် ခေါင်းလျှော်ရည်ပေါင်းဆေးသုံးပြီး လျှော်ချပေးပါ။

ဆီ

သံလွင်ဆီ (သို့) အုန်းဆီကို အပူပေးလိုက်ပါ။ ပြီးရင် ခေါင်းမလျှော်ခင် ဆံကေသာ အရင်းကနေ အဖျားထိ ၁၅ မိနစ် မိနစ် ၂၀ လောက်လိမ်းပေးထားပါ။ တဘက်ကို ရေနွေးပူပူနဲ့ စိမ်ပေးပြီး အရည်ညှစ်ထုတ်ကာ အဲဒီတဘက်ပူပူနဲ့ ပေါင်းပေးပါ။ ၁ နာရီလောက်နေပြီးရင် ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့ လျှော်ချပါ။