မင်္ဂလာပါ…. ပျိုမဒီတို့ရေ … သင်က လက်ဝတ်ရတနာ ဝတ်ရတာကြိုက်တဲ့လူလား ? ဒါဆိုရင်တော့ နွေရာသီဟာ သင့်အချိန်ပါပဲ။ လက်ဝတ်ရတနာတွေကို ၀တ်ဆင်ဖို့ ရွေးချယ်လိုက်တဲ့အခါ ခေတ်ရေစီးကြောင်းတွေနဲ့ လိုက်ဖက်နေဖို့ လိုပါတယ်။
ရာသီဥတု ပိုပူလာပြီး ရက်တွေ ပိုကြာလာတာနဲ့အမျှ ရာသီအတွက် ဘာဝယ်ရမလဲဆိုတာကို ရွေးရခက်နေရင် ဒါလေးတွေ စဥ်းစားလိုက်ပါ။

Beads

နွေရာသီအတွက် ပြီးပြည့်စုံတဲ့ ခံစားချက်ကို ယူဆောင်လာပေးတာက ပုတီးစေ့လက်ဝတ်ရတနာလေးတွေပါ။ ချစ်စရာကောင်းတဲ့ ပုတီးစေ့လက်ဝတ်ရတနာလေးတွေက ဘယ်တော့မှမရိုးဘဲ ရေပန်းစားနေပါတယ်။

Moving Rings

လက်ဝတ်ရတနာခေတ်ရေစီးကြောင်းတွေထဲက တစ်ခုကတော့ သင်နဲ့အတူ လှုပ်ခါ တောက်ပနေပြီး ထူးခြားတဲ့အခိုက်အတန့်လေးတွေကို ဖန်တီးပေးမယ့် Moving Rings ပါ။

Mixed Metals

အဝါရောင် သို့မဟုတ် အဖြူရောင်ရွှေကို ရွေးချယ်ရခက်နေရင် ခေါင်းရှုပ်ခံမနေပါနဲ့ ။ ရောပြီးဝတ်လိုက်ပါ။ စမတ်ကျကျရောဝတ်လိုက်ရင်ကိုပဲ အနုပညာတစ်ခုဖြစ်လာမှာပါ။

Chains

လက်ဝတ်ရတနာနဲ့ပတ်သက်ရင် လှပတဲ့လည်ဆွဲတွေဟာ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

Hoop Earrings

အမြဲတမ်း ခေတ်မှီနေတဲ့ ဖက်ရှင်ကို လိုချင်ရင် တောက်ပတဲ့ရွှေရောင် ကြိုးဝိုင်းနားကပ်ကြီးတွေ ရှာလိုက်ပါ။

Colorful Gemstones

နွေရာသီက တောက်ပပြီး အသက်ဝင်တဲ့အရောင်များ ဖော်ကျူးဖို့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအချိန်ပါ။