အင်္ကျီပုံစံ မျိုးစုံက ကိုယ့်ခန္ဓာကိုယ် အချိုးအစား၊ အသားအရောင်အလိုက် ကိုယ့်အလှကို ပိုတိုးစေပါတယ်။ အင်္ကျီလှလှေလေးတွေ ဝတ်လိုက်တဲ့အခါ ကိုယ့်ကို ရှိရင်းစွဲ ထက်ပိုလှစေပြီး စတိုင်ကျတယ်ဆိုတဲ့ ချီးကျူးစကားတွေ ကြားရနိုင်ပါတယ်။ လူတိုင်းက စတိုင် တစ်မျိုးစီရှိတာကြောင့် သင်က ဘယ်လိုစတိုင်ပုံစံကို ကြိုက်နှစ်သက်လဲ သင့်ကိုယ်သင် တွေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်စတိုင်ကို သိစေနိုင်မယ့်အပြင် ပိုလည်း လှစေမယ့် ဖက်ရှင်အတွဲအစပ်တွေကို ဖော်ပြပါရစေ။ သင်က ဒီအတွဲအစပ်တွေကို သိထားရင် အရင်ထက် ပိုစတိုင်ကျနိုင်တာမို့ Save ထားသင့်ပါတယ်။

Everyday Wear ပေါ့ပေါ့ပါးပါး စတိုင်ကို ရှာနေတဲ့ ကောင်မလေးတွေအတွက်

ဘောင်းဘီအပွ၊ စကပ်အတိုတွေ၊ Crop တွေက နေ့စဉ် ထသွားထလာ ဝတ်နိုင်မယ့် အဝတ်အစားပုံစံတွေ ဖြစ်ပါတယ်။

စကပ်အတို နှစ်သက်ရင်

သင်က မိန်းကလေးဆန်ဆန် ပေါ့ပေါ့ပါးပါး လှချင်ပြီး ပေါင်တံသွယ်သွယ်လေးကို ပြချင်ရင် စကပ်တိုနဲ့ သင့်တော်ပါတယ်။

ဆောင်းရာသီဖက်ရှင်

သင်က အေးတဲ့ နေရာမှာ အနေများသူဆိုရင် ဖော်ပြပါ ဖက်ရှင်ပုံစံတွေက သင်နဲ့ လိုက်ဖက်မှာပါ။

အရောင်အဖျော့လေးတွေ နှစ်သက်ရင်

သင်က Pastel Colour တွေ သဘောကျရင် ပုံထဲက ဖက်ရှင်နဲ့ အရောင်တွေကို ရှာဖွေ ဝယ်ယူသင့်ပါတယ်။

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး

မိန်းကလေး သိပ်မဆန်ဘဲ ပွပွလေးတွေ နှစ်သက်ရင် Oversized T Shirt, ဘောင်းဘီအပွ၊ Sweater, Hoodie တွေကို မရှိမဖြစ် လိုအပ်ပါတယ်။

အရှည်နှစ်သက်ရင်

သင်က ဒူးဖုံးဖက်ရှင်ကို နှစ်သက်ရင် ဖော်ပြပါ ပုံစံတွေက သင့်ကို ပိုလှနေစေမှာပါ။

ပေါ့ပေါ့ပါးပါး အလုပ်သွားမယ်

သင့်အလုပ်က Uniform မရှိရင် ဒီဖက်ရှင်စတိုင်တွေက သင်နဲ့ လိုက်ဖက်မှာ မလွဲမသွေပါပဲ။

လုံလုံခြုံခြုံ Modest Fashion

ရာသီဥတု က သိပ်မပူလွန်းရင် ဒီစတိုင်တွေက လိုက်ဖက်ပြီး အသားသိပ်မဖော်ချင်တဲ့ ပျိုမေတို့ နှစ်သက်မယ့် စတိုင်ဖြစ်ပါတယ်။

အညိုရောင် အဖျော့လေး

အရောင်ငြိမ်ငြိမ်လေးနဲ့ တည်တည်ငြိမ်ငြိမ် ဖက်ရှင်သဘောကျသူတို့အတွက် လိုက်ဖက်မယ့် အညိုရောင် ဖက်ရှင်တွေ ဖြစ်ပါတယ်။

အဖြူအနက် နှစ်သက်သူတွေအတွက်

သင်က လူငယ်ဆန်ဆန် လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကောင်မလေး Vibe မျိုး လိုချင်ရင် ဒီ အဖြူအနက် စတိုင်တွေနဲ့ လိုက်ဖက်မှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar