လူငယ်ကောင်မလေးတွေအတွက် အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ ပေါ့ပေါ့ပါးပါးဖြစ်ပြီး လူငယ်လည်းဆန်တဲ့ ဆံပင်ပြင်ဆင်ပုံတွေကို မျှဝေပေး လိုက်ပါတယ်။ တချို့ဆံပင်ပြင်ဆင်ပုံလေးတွေဆိုရင် blackpink jennie ရဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို inspired ယူထားတာမို့ လူငယ်ကောင်မလေးတွေ သဘောကျမယ်လို့ ထင်ပါတယ်။
ခေါင်းပတ်လေးတွေပတ်တာ၊ အဝတ်ဘီးကုတ်အကြီးတွေတပ်တာက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာပါတယ်။
ဆံပင်အလယ်ဆွဲပြီး ကလစ်လေးနှစ်ဖက်တပ်တာမျိုးကလည်း အခုနောက်ပိုင်းမှာ အရမ်းကို trends ဖြစ်လာတဲ့ ဆံပင်ပုံစံမျိုးပါ။
ဆံပင်ကို scrunchies လေးတွေနဲ့ အပြောင်သိမ်းပြီးယူစည်းတာလည်း ရှင်းရှင်းလေးနဲ့ စတိုင်လ်ကျစေပါတယ်။
scrunchies လေးတွေနဲ့ပဲ ဆံပင်ကို တစ်ဝက်အမြင့်စည်းတာမျိုးကလည်း စတိုင်လ်ကျတဲ့ ဆံပင်ပုံစံလေးပါ။ အခုနောက်ပိုင်းမှာလည်း ခေတ်စားနေတဲ့ ပုံစံမျိုးပါ။
scrunchies လေးနဲ့ ထိပ်မှာ ဆံထုံးထုံးထားတဲ့ ဆံပင်ပုံစံလေးကတော့ ဘယ်တော့မှရိုးမသွားပဲ အမြဲခေတ်စားနေမယ့် ဆံပင်ပြင်ဆင်ပုံမျိုးပါ။
ဆံပင်ကိုအလယ်ခွဲပြီးတော့ပဲဖြစ်ဖြစ်၊ အလယ်မကျတကျခွဲပြီးတော့ပဲဖြစ်ဖြစ် ထိပ်မှာ ကျစ်ဆံမြီးသေးသေးလေးကျစ်တာမျိုးကလည်း စတိုင်လ်ကျပြီး မိမိုက်နေတဲ့ ဆံပင်ပုံစံလေးပါ။ blackpink jennie ရဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို inspired ယူထားတာလည်း ဖြစ်ပါတယ်။
ဆံပင်ကို အကုန်သိမ်းပြီး ထိပ်ကနေစပြီး ကျစ်ဆံမြီးနှစ်ဖက်ကျစ်တာကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။
Source: www.krystaloh