မျက်လုံးဆိုတာ ကျွန်တို့အတွက် သိပ်ကိုအရေးပါလှပါတယ်နော်။ ဒီမျက်လုံးတွေကြောင့် အရာရာကို မြင်နိုင်တယ်။ အလှတရားကိုခံစားနိုင်တယ်။ ဒါ့ကြောင့် အချိန်မနှောင်းခင် မျက်လုံးကို ဂရုစိုက်ဖို့လိုပါတယ်။

သင့်မျက်လုံးကျန်းမာရေးအတွက်သင်အမြဲတမ်း လုပ်ပေးနိုင်တဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။

ဖုန်းကြည့်ချိန်လျှော့မယ်

ကဲအားလုံးပဲ ဖုန်းကြည့်တာ၊ Laptop ကြည့်တာ၊ ကွန်ပျူတာကြည့်တာလေးတွေ လျှော့မယ်နော်။ မျက်လုံးကျန်းမာရေးအတွက်ပါ။ သုတေသနပြုချက်အရ Digital Screen ကို ၂ နာရီ နဲ့ ၂ နာရီထက်ပိုပြီးကြည့်တဲ့သူတွေဟာ ယာယီရုပ်ပိုင်းဆိုင်ရာ မအီမသာဖြစ်ခြင်းနဲ့ မျက်လုံးအကြောတင်းခြင်း အမြင်အာရုံဝေဝါးခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်မသောက်နဲ့

ဆေးလိပ်ကသင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော မျက်လုံးကျန်းမာရေးအတွက်ပါမကောင်းပါဘူး။ ဆေးလိပ်သောက်တာကို ရှောင်ပြီး သင့်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

အပြင်ထွက်ပြီး သဘာဝနေရောင်ခံမယ်

မနက်ခင်း သဘာဝနေခြည်နုနုလေးတွေဟာ သင့်ရဲ့ အသားအရေကိုလှစေရုံသာမက မျက်လုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ မနက်စောစော လမ်းမလျှောက်နိုင်ရင်တောင် ပြတင်းပေါက်ကနေတဆင် နေရောင်ထိတွေ့ပေးလိုက်ပါ။

မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုတာတွေစားမယ်

အစာလည်း ဆေး ၊ ဆေးလည်းအစာပါပဲနော်။ သင့်မျက်လုံးကျန်းမာရေးအတွက် သင်စားမယ့်အစားအစာတွေကိုလည်း ဂရုတစိုက်ရွေးချယ်စားပေးသင့်ပါတယ်။ တူနာငါး၊ ဆဲလ်မွန်ငါးတို့လို Omega-3 ပါတဲ့ ငါးတွေစားပေးပါ။ လိမ္မော်သီး၊ မုန်လာဥနီ ၊ ဟင်းနုနွင်တို့လိုအသီးအရွက်တွေ စားပေးပါ။

ပုံမှန် စစ်ဆေးမယ်

မျက်လုံးကို ၆ လတစ်ခါ ပုံမှန်စစ်ပေးဖို့လိုပါတယ်။ အထူးသဖြင့်မျက်မှန်တပ်တဲ့သူတွေ အတွက် လိုအပ်ပါတယ်။ တကယ်လို့ မျက်လုံးက တစ်ခုခု ဝေဝါးလာတာ၊ မျက်ရိုးကိုက်လာတာမျိုးဆိုရင်လည်း အချိန်မှီ စစ်ဆေးသင့်ပါတယ်။