မင်္ဂလာပါနော်။ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အိပ်ရေးပျက်တာ၊ နေရောင်ခြည်ထိတွေ့တာ၊ ကိုယ်လက်လေ့ကျင့်ခန်းအားနည်းတာ၊ လေထုညစ်ညမ်းတာ၊ သကြားစားသုံးမှုများတာတွေအပါအဝင် တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။

ဒါ့ကြောင့် အလှအပအတွက်ဆို ဈေးကြီးပေးဝယ်ရတဲ့ ကုန်ပစ္စည်းတွေ အများကြီးဝယ်သုံးကြပါတယ်။ သဘာဝအတိုင်းပြုလုပ်ထားတာဆို ပိုပြီးတော့တောင်ဈေးကြီးပေးဝယ်ရပါသေးတယ်။

အခုစာရေးသူပြောပြမှာကတော့ စာဖတ်သူတို့အနီးအနားမှာလည်း ရှာရလွယ်ပြီး ပြုလုပ်ရလွယ်တဲ့ ရိုးရှင်းလွယ်ကူတဲ့ သဘာဝပေါင်းတင်နည်းတွေဖြစ်ပါတယ်။

၁။ ငှက်ပျောခွံ

သင့်ကိုပိုပြီးလှသွားစေမယ့် ရိုးရှင်းလွယ်ကူပြီး ရှာရလွယ်တဲ့ သဘာဝပေါင်းတင်နည်း (၅) မျိုး

ငှက်ပျောခွံကဝက်ခြံကို သက်သာစေပါတယ်။ အရေးကြောင်းကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ငှက်ပျောသီးစားပြီး ငှက်ပျောခွံကိုလွင့်မပစ်ဘဲ မျက်နှာပေါ်မှာ သေချာလေး ပွတ်ပေးလိုက်ပါ။ ၃ မိနစ် ၅ မိနစ်လောက်ပွတ်ပေးနေပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။

၂။ ပျားရည်

ပျားရည်က သင့်အသားအရေကို ပိုပြီးလှပလာစေပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံသက်သာစေပြီး သင့်အသားအရေကို ပိုပြီးချောမွေ့လာစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာ နေ့တိုင်း ပွတ်လိမ်းပေးရင် အသားအရေက ပိုပြီးလှပလာမှာသေချာပါတယ်။

၃။ သခွားသီး

သခွားသီးဟာ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းတယ်ဆိုတာ အားလုံးလည်းသိပြီးသားပါ။ အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးပါတယ်။

သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးထားပါ။ ပြီးရင်တော့ နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလည်း သင့်အသားအရေပေါ်က အမာရွတ်တွေကို သက်သာစေသလို အသားအရေကို ညီညာချောမွတ်လာစေပါတယ်။ ရှားစောင်းလက်ပတ်ကို နေ့တိုင်းလိမ်းပေးရင် အသားအရေ သိသိသာသာကောင်းမွန်လာမှာပါ။

ရှားစောင်းလက်ပတ်နဲ့ မတည့်တဲ့သူတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့ တည့်မတည့်ကို အရင်စမ်းကြည့်သင့်ပါတယ်။ မတည့်ရင်တော့ မသုံးပါနဲ့။

၅။ အာလူး

အာလူးကို မျက်နှာပေါ်မှာ တစ်နေ့ နှစ်ကြိမ်ကပ်ပေးခြင်းဖြင့် အသားအရေ အရင်ကထက် ပိုကောင်းလာမှာပါ။ အသားအရေကို ပိုပြီးဖြူလာစေမှာဖြစ်ပါတယ်။ အာလူးအစိမ်းက အပူစုပ်ပေးသလို မျက်ကွင်းညိုတာကိုပါသက်သာစေပါတယ်။

Source: www.brightside.me