ကိုယ်ကတော့ စိတ်ရင်းစေတနာအမှန်နဲ့ ပိုင်ရှင်အစစ် ပြန်တွေ့စေချင်ဇောနဲ့ ကောက်ပေးလိုက်တာပဲ။ ဒါပေမဲ့ ကိုယ့်စေတနာက ဝေဒနာ ဖြစ်တတ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ ဒီလိုလမ်းပေါ်မှာ ကျနေတဲ့ ပိုင်ရှင်မဲ့ပစ္စည်းကို လက်လွတ်စပယ်ကောက်လိုက်ခြင်းအားဖြင့် လူလိမ်ခံလိုက်ရတာမျိုး၊ အခြားသူများ မိမိကိုယ်ကျင့်သိက္ခာကို အထင်လွဲသွားနိုင်တာမျိုးတို့အပြင် သင့်ရဲ့ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ ဘယ်လိုမျိုး ပိုင်ရှင်မဲ့ပစ္စည်းတွေကို လက်လွတ်စပယ် မကောက်သင့်ဘူးလဲဆိုတာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပိုက်ဆံအိတ်

သင်က ပိုက်ဆံအိတ်တစ်အိတ် လမ်းပေါ်မှာ ကျနေတာကိုမြင်လို့ ကောက်လိုက်တဲ့အချိန်မှာ အခြားမျက်မြင်တစ်ယောက်ကလည်း သင်နဲ့ ဝေစုခွဲဖို့ ညှိနှိုင်းပါလိမ့်မယ်။ ထိုအချိန်မှာ ပိုက်ဆံအိတ်ပိုင်ရှင် ပေါ်လာတာမျိုး ဖြစ်တတ်ပြီး သင့်ကို သူခိုးလို့ စွပ်စွဲနိုင်ပါတယ်။

လက်ဝတ်ရတနာများ

လက်ဝတ်ရတနာလည်း ထိုနည်းအတိုင်းပါပဲ။ အခြားသူတစ်ယောက်ပေါ်လာပြီး သင့်ကို ဝေစုခွဲဖို့ ပြောပါလိမ့်မယ်။ သင်က သင့်ပိုက်ဆံကို ပေးပြီးကာမှ လက်ဝတ်ရတနာဆိုင် သွားပြီး စစ်ကြည့်တဲ့အခါ အတုဖြစ်မှန်း သိသွားပါလိမ့်မယ်။ ဒါ့ကြောင့် လူလိမ်လူညာတွေရဲ့လိမ်ဆင်ထဲ အဝင်မခံဖို့ သတိထားသင့်ပါတယ်။

နားကြပ်

နားကြပ်မှ မဟုတ်ပါဘူး။ အခြားတစ်ကိုယ်ရည်သုံး ပစ္စည်းတွေဖြစ်တဲ့ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ စတဲ့အရာတွေမှာ ဘယ်ကမှန်းမသိတဲ့ ပိုးမွှားတွေ ကိန်းအောင်းနေပါတယ်။ မထိတွေ့ မကိုင်တွယ်တာ အကောင်းဆုံးပါပဲ။

ဓား

တကယ်လို့ သင်က ရာဇဝတ်မှုထဲမှာ မပါချင်ဘူးဆိုရင်တော့ ဘယ်လောက်ပဲ ဖန်စီကျပြီး မိမိုက်တဲ့ အိတ်ဆောင်ဓားဖြစ်နေပါစေ မကိုင်တာ ဘေးအကင်းဆုံးပါပဲ။ ဘယ်သူက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ထားပြီး လမ်းမပေါ် လာလွှင့်ပစ်ထားလဲဆိုတာကို သင် မသိနိုင်ပါဘူး။

ဆင်းကတ်များ

ဆင်းကတ်လည်း ထိုနည်းအတိုင်းပါပဲ။ အရှေ့က ဆင်းကတ်အသုံးပြုသွားသည်က ဘယ်လိုမသမာမှုမျိုး ကျူးလွန်ထားလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ဘယ်မှာပဲကျကျ မသိကျိုးကျံ ပြုထားလိုက်ပါ။

ပင်အပ်များ

အချို့ မသမာသူတွေက အများပြည်သူထိုင်တဲ့နေရာတွေမှာ ပင်အပ်တွေ ထိုးစိုက်တတ်ကြပါတယ်။ ပင်အပ်တွေ တစ်ခါသုံး ဆေးထိုးအပ်တွေဆိုတာက မိမိခန္ဓာကိုယ်ထဲသို့ ရောဂါပိုးမွှားများ ဝင်ရောက်လာစေတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် သတိထားသင့်ပါတယ်။

ငှက်နှင့် အခြားတိရစ္ဆာန်ငယ်များ

သင့်မှာ သနားကြင်နာစိတ် ဘယ်လောက်ပဲရှိနေပါစေ ငှက်ပေါက်များ၊ အခြားတိရစ္ဆာန်ငယ်များကို အကာအကွယ်မပါဘဲ ကောက်ယူခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ သူတို့မှာ ဘက်တီးရီးယားနှင့် ရောဂါပိုးမွှားများ သယ်ဆောင်ထားခဲ့သည်ရှိသော် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Source: Brightside.me