အသားအရမ်းလည်းမဖြူသလို၊ အသားညိုတဲ့ထဲလည်းမပါတဲ့ အသားလတ်သူများအတွက် Peach Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ Peach Makeup Look လေးက Everyday အတွက်လည်း အဆင်ပြေသလို အသားလတ်တဲ့သူတွေနဲ့လည်း အရမ်းကိုလိုက်ဖက်ပါတယ်။

မျက်ကွင်းညိုတာအတွက် concealer ကို စသုံးပါမယ်။ ဒီမှာတော့ “Pixi Beauty Corrector Concentrate Brightening Peach” ကို သုံးထားပါတယ်။

ကိုယ်သုံးနေကျ foundation ကို လိမ်းပါမယ်။ ဒီမှာတော့ “Fenty Beauty Blurring Skin Tint in 7” ကို သုံးထားပါတယ်။

ကိုယ့်မှာ ဝက်ခြံနဲ့ အမာရွတ်၊ အမဲစက်တွေရှိရင် concealer နဲ့ ဖုံးပေးပါ။

Eyeshadow ခြယ်ရင် ပိုလှပြီး ပျက်တာမျိုးမဖြစ်အောင် eye primer ကို မျက်ခွံမှာ ခြယ်ပေးပါ။ ဒီမှာတော့ “Etude House Proof 10 Eye Primer” ကို သုံးထားပါတယ်။

Eyeshadow peach color နုနုလေးကိုယူပြီး မျက်ခွံပေါ်နဲ့မျက်လုံအောက်နားကို ပါးပါးလေးခြယ်ပေးပါ။

Eyeshadow အညိုရောင်ကို မျက်ခွံနဲ့ မျက်လုံးဘေးထောင့်လေးတွေမှာ ထပ်ခြယ်ပေးပါ။

Eyeshadow အညိုရင့်ရောင်ကိုသုံးပြီး အောက်မျက်ခမ်းစပ်လေးတွေကို ဆွဲပေးပါ။

မျက်လုံးအရှေ့ဘက်ထောင့်လေးကို peach color eyeshadow လေး နည်းနည်းခြယ်ပေးပါ။ လက်ညှိုးနဲ့ပဲယူပြီး ခြယ်ပေးပါ။

Pencil eyeliner နဲ့ မျက်လုံးအတွင်းသားကိုကပ်ပြီး eyeliner ဆွဲပေးပါ။

မျက်လုံးကိုသေချာပြင်ပြီးပြီမို့ နောက်ဆုံးမှာတော့ Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပါမယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ peach makeup look နဲ့လိုက်ဖက်အောင် အညိုရောင်ဘက်သွားတာလေးကို သုံးပြီး ဆွဲပေးပါ။

ကိုယ်သုံးနေကျ ပေါင်ဒါကို brush နဲ့ယူပြီး ပွတ်လိမ်းပေးပါ။

Peach color နှုတ်ခမ်းနီ (သို့) ပါးနီနဲ့ ပါးနီခြယ်ပေးပါ။ လက်နဲ့ပဲ ပုတ်ပုတ်ပြီးခြယ်ပေးပါ။

Highlighter ကို ပါးရိုးနေရာ၊ နားထင်နဲ့ နဖူးအလယ်၊ နှာခေါင်း၊ မေးစိနေရာတို့ကို ခြယ်ပေးပါ။

နှုတ်ခမ်းနီကိုတော့ အညိုရောင်အရမ်းမရင့်တာမျိုးလေးပဲ ဆိုးပေးပါ။

ဒါဆိုရင်တော့ အသားလတ်တဲ့သူတွေနဲ့လိုက်ဖက်တဲ့ Peach Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source:www.haleykim