Makeup ပြင်မယ့်ကောင်မလေးတွေအတွက် မျက်နှာလေးပိုလင်းပြီး လှသွားစေမယ့် နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေမယ့် everyday makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ makeup look မှာက eyeshadow မခြယ်ထားတဲ့အတွက် ပိုပြီးအချိန်ကုန်သက်သာသလို ပိုပြီးတော့လည်း natural ဆန်ပါတယ်။ Everyday look အတွက်လည်း ပိုအဆင်ပြေပါတယ်။

အရင်ဆုံး skincare တွေ လိုအပ်တာတွေ လိမ်းပါမယ်။ ပြီးရင် makeup စလိမ်းပါမယ်။ Foundation or cushion ကိုယ်ကြိုက်တာ လိမ်းလို့ရပါတယ်။ ဒီမှာတော့ cushion လိမ်းထားပါတယ်။

Makeup လိမ်းပြီးရင် သိပ်သိပ်လေးဖြစ်သွားအောင် မိတ်ကပ်သားမရွေ့အောင် powder လိမ်းပါမယ်။

မျက်ခုံးမွှေးကို အရင်ဆုံးဖြီးပြီးတော့မှ ဆွဲပါမယ်။

Mascara နဲ့ မျက်တောင်ကို တစ်မျှင်ချင်းဖြစ်အောင် ကော့ပါမယ်။

Eyeliner ကိုပါးပါးလေး ဆွဲပါမယ်။ Wings ထွက်အောင် ဆွဲပါမယ်။ ဒါမှပိုလှမှာပါ။

Contour palette နဲ့ နှာတံဖော်ပါမယ်။

မျက်နှာလေးပိုလင်းပြီးလှသွားအောင် ပါးနီကို ပန်းရောင်လေးခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း ပန်းရောင်ဖောက်တဲ့ အရောင်တောက်တောက်လေး ဆိုးပါမယ်။ ဒါမှ မျက်နှာလေးပိုလင်းပြီး လှသွားမှာပါ။

ဒါဆိုရင်တော့ မျက်နှာလေးပိုလင်းပြီး အရမ်းလှသွားစေမယ့် everyday makeup look လေးကို ရရှိသွားပါပြီ။ ရုံးသွား ကျောင်းသွားအတွက်ရော date အတွက်ရော အဆင်ပြေတဲ့ makeup look လေးဖြစ်လို့ မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။