မိန်းကလေးတွေအတွက် ဘယ်လိုအဝတ်အစား၊ ဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပြီး ထသွားထလာအတွက်လည်း အဆင်ပြေတဲ့ everyday makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Heavy မဖြစ်ပဲ လှတာကြောင့် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပါတယ်။

ကိုယ်လိမ်းနေကျ foundation ကို makeup sponge or makeup pact နဲ့ လိမ်းပေးပါ။

မျက်ကွင်းညိုတဲ့နေရာနဲ့ အမဲစက်၊ ဝက်ခြံရှိတဲ့ နေရာတွေကို concealer လိမ်းပေးပါ။

မျက်ခုံးမွှေးကအသက်ဖြစ်လို့ မျက်ခုံးမွှေးကို သေချာလေးဆွဲပေးပါ။

Eyeshadow စခြယ်ဖို့အတွက် brown အဖျော့လေးကို မျက်ခွံပေါ်မှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Brown ရင့်တာလေးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း မျက်ခွံဘေးဘက်လေးတွေကို ထပ်ခြယ်ပါမယ်။

ရွှေရောင် glitter eyeshadow ကိုမှ အညိုဖောက်တာလေးကို သုံးပေးပါ။ လက်ချောင်းလေးနဲ့ပဲယူပြီး မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားကို အရှေ့နားကနေ အလယ်အထိပဲ ဆွဲခြယ်ပေးပါ။

Gel eyeliner ကိုသုံးပြီး မျက်လုံးအတွင်းသားကိုဆိုးပါမယ်။ ပြီးမှ ထောင့်လေးမှာ wings လေး ပါးပါးလေးထွက်ဆွဲလိုက်ပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

ပါးနီကိုတော့ ဒီလိုအရောင်ပြေးလေးတွေ ရွေးချယ်ပါ။ ပိုပြီးလှသလို natural လည်းဆန်ပါတယ်။ ပါးနီကို အများကြီးမခြယ်ပဲ ပါးပါးလေးပဲခြယ်ပါ။

အညိုဖောက်တဲ့ နှုတ်ခမ်းနီအရောင်ကိုရွေးပြီး ပါးပါးလေးပဲ ဆိုးပေးပါ။

နောက်ဆုံးမှာတော့ loose powder ကို brush နဲ့ယူပြီး မျက်နှာကို နည်းနည်းချင်းစီ ပွတ်လိုက်ပါ။

ဒါဆိုရင်တော့ ထသွားထလာအတွက်လည်း အဆင်ပြေပြီး အရမ်းလည်းလှတဲ့ everyday makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။