အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ဖက်ပြီး Everyday Look အတွက်လည်း အဆင်ပြေတဲ့ မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ မိတ်ကပ်ဖြစ်တာကြောင့် လူတိုင်းပြင်ရတာလည်း အဆင်ပြေမှာပါ။

အရင်ဆုံး foundation ကို makeup sponge နဲ့လိမ်းပြီး ပုံမှာသုံးပြထားတဲ့နေရာတွေကို concealer သုံးပေးပါ။ Concealer ကိုလည်း makeup sponge နဲ့ပဲ သေချာလေးဖိဖိပြီး လိမ်းပေးပါ။

Powder ကို brush နဲ့ယူပြီး လိမ်းပါမယ်။ ဒါမှ ဖုန်ဖုန်ကြီးမဖြစ်ပဲ မိတ်ကပ်သားသိပ်သိပ်လေးနဲ့ လှနေမှာပါ။

မျက်ခုံးမွှေးဆွဲပါမယ်။

Bronzer နဲ့ ပါးရိုးချပါမယ်။ နားထင်နဲ့ မေးရိုးကိုပါ နည်းနည်းစီ brush နဲ့ ခြယ်ချပါ။

Eyeshadow မသုံးပဲ အညိုရောင် နှုတ်ခမ်းနီကိုပဲ လက်ချောင်းလေးနဲ့ယူပြီး မျက်ခွံမှာခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

အရောင်ရင့်တဲ့ နှုတ်ခမ်းနီကိုသုံးပြီး ပါးနီခြယ်ပါမယ်။ ပြီးမှ အပေါ်ကနေ ပါးနီပန်းရောင်ကို နည်းနည်းလေး ထပ်ခြယ်ပါမယ်။ ဒီလိုခြယ်တာက အရောင်ထွက်ပိုလှစေပါတယ်။

Highlighter ကို ပါးရိုးနှစ်ဖက်၊ နှာတံထိပ်နဲ့ မျက်ခုံးအောက်ဖက် ထောင့်နားလေးတွေကို ခြယ်ပါမယ်။

Eyeshadow အဖြစ်နဲ့ခြယ်ထားတဲ့ နှုတ်ခမ်းနီအညိုကိုပဲသုံးပြီး နှုတ်ခမ်းနီဆိုးပါမယ်။

နောက်ဆုံးမှာတော့ မိတ်ကပ်သားပိုလှပြီး ကြာရှည်ခံအောင် setting spray ဖြန်းပါမယ်။

ဒါဆိုရင်တော့ အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ဖက်ပြီး Everyday Look အတွက်လည်း အဆင်ပြေတဲ့ မိတ်ကပ် look ကို ရရှိသွားပါပြီ။