သင့်အိတ်က အမြဲ ရှုပ်နေတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ထည့်ရတဲ့ ပစ္စည်းများလွန်းလို့ အိတ်ဇစ်ပိတ်ရ ခက်တာပဲဖြစ်ဖြစ် အခက်အခဲကြုံတတ်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အထူးသဖြင့် အလုပ်များတဲ့ ပျိုမေတို့အနေနဲ့ အပြင်သွားတိုင်း ပစ္စည်း ထပ်ထည့်စရာမလိုဘဲ Standby ဖြစ်နေဖို့ အိတ်ထဲ ထည့်သင့်တဲ့ပစ္စည်းတွေရှိပါတယ်။ ဒါတွေကို ဖော်ပြပါရစေ။

၁။ Concealer

မျက်ကွင်းညိုတတ်တဲ့ သူတွေကော အပြင်ရောက်နေလို့ ပင်ပန်းလွန်းလို့ မျက်ကွင်းညိုနေတဲ့သူတွေအတွက်ကော မျက်လုံးအောက် အသားအရေကို အမြဲ Fresh ဖြစ်နေဖို့ အိတ်ထဲ Concealer ဆောင်ထားတာက မမှားပါဘူး။

၂။ မှန်

မိတ်ကပ် ထက်တဲ့အချိန် ဖြစ်ဖြစ်၊ နှုတ်ခမ်းနီဆိုးတဲ့ အချိန်ဖြစ်ဖြစ် မှန်ကြည့်ပြီး အလှပြင်နိုင်ဖို့ အိတ်ထဲမှာ မှန်တစ်ချပ် ဆောင်ထားသင့်ပါတယ်။

၃။ Nail File

လက်သည်းအရှည်ထားတတ်တဲ့ ကောင်မလေးတွေ၊ လက်သည်းကို အမြဲ ညီနေစေချင်တဲ့ ကောင်မလေးတွေ အနေနဲ့ Nail File တစ်ချောင်းကိုလည်း အိတ်ထဲ ထည့်ထားသင့်ပါတယ်။

၄။ နေကာမျက်မှန်

သင်က မိတ်ကပ်ပြန်လိမ်းတာရဲ့ ပရိတ်သတ်တစ်ယောက် မဟုတ်ရင်တော့ သင့်အိတ်ထဲမှာ နေကာမျက်မှန်ကို လိုအပ်ပါတယ်။ နေကာမျက်မှန်က နေရောင်ကာပေးတဲ့အပြင် မိတ်ကပ်မပါတာကိုလည်း မသိသာစေတော့ပါဘူး။

၅။ Hand Cream

တစ်နေ့လုံး လက်ချောင်းတွေကို အသုံးပြုရတာကြောင့် သင့်လက်ကို အစိုဓာတ်ဖြည့်ပေးသင့်ပါတယ်။ သင်က အလုပ်ပင်ပန်းတဲ့သူမို့ သင့်ကို ကူညီပေးတဲ့ လက်ကလေးတွေကို Hand Cream လိမ်းပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ဒါကြောင့် အိတ်ထဲ Hand Cream ဆောင်ထားသင့်ပါတယ်။

၆။ ရေမွှေးပုလင်းသေး

ဆိုင်တွေမှာ ရောင်းတဲ့ ရေမွှေးပုလင်း သေးသေးလေးတွေကို ဘာကိစ္စရောင်းနေကြတာလဲလို့ သင်တွေးဖူးမှာပါ။ တကယ်တော့ Mini size ရေမွှေးပုလင်းလေးတွေက အိတ်ထဲ ဆောင်ထားနိုင်ဖို့ ရည်ရွယ်ပါတယ်။ သင့်တစ်နေ့တာကို လန်းဆန်းနေဖို့ ရေမွှေးကိုလည်း မမေ့သင့်ပါဘူး။

၇။ ဆံပင် Accessories

ခေါင်းစည်းကြိုး၊ ယိုးဒယား ကလစ် စတာတွေက သင့်အိတ်ထဲ မဖြစ်မနေ ပါသင့်တဲ့ Accessories တွေပါ။

၈။ ဖုန်း Charger

အိတ်ထဲမှာ ကြိုးမလိုတဲ့ ဖုန်း Charger တွေကို ဆောင်ထားသင့်သလို သီချင်းနားထောင်တဲ့ Earphones တွေကိုပါ ဆောင်ထားသင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar