အောင်မြင်မှုရလာပြီး ကြီးပွါးတိုးတက်လာဖို့ဆိုတာကလည်း ကိုယ့်ရဲ့လုပ်ဆောင်မှု၊ ကိုယ့်အလေ့အကျင့်ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါကြောင့် အောင်မြင်မှုကို သေချာပေါက်ရလာစေမယ့် အလေ့အကျင့်ကောင်း ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအလေ့အကျင့်တွေကို နေ့တိုင်းလုပ်ဆောင်ပေးခြင်းဖြင့် အောင်မြင်ကြီးပွါးတဲ့သူတွေအဖြစ် ပြောင်းလဲလိုက်ကြရအောင်..

စာများများဖတ်ပါ

စာများများဖတ်ခြင်းကြောင့် ဗဟုသုတအသစ်၊ အတွေးအခေါ်အသစ်တွေ ရလာစေတယ်။ သူများထက်ပိုပြီး တွေးခေါ်တတ်လာမယ်။ အရာရာကို စဉ်းစားဆင်ခြင်ပြီး ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ့် အတွေးအခေါ်တွေ ရလာမယ်။

အလဟဿ ပိုက်ဆံမဖြုန်းမိပါစေနဲ့

သူများနဲ့ လိုက်မယှဉ်ပဲ ချွေတာစုဆောင်းပြီး နေထိုင်ပါ။ ဒါမှ ပိုက်ဆံပိုစုဖြစ်ပြီး ကိုယ်ဖြစ်ချင်တာကို လုပ်လို့ရမှာပါ။

ပိုက်ဆံကိုသေချာ Management လုပ်ပါ

ပိုက်ဆံကို သေချာတွက်ချက်ပြီး Management လုပ်ပြီး စုဆောင်းတတ်ဖို့၊ ရင်းနှီးတတ်ဖို့လိုပါတယ်။ ဒါမှ ပိုပြီး တိုးပွါးလာမှာပါ။

အကြွေးမရှိအောင်နေပါ

အရေးကြီးတာကတော့ အကြွေးမရှိအောင်နေပါ။ အကြွေးကို ရှောင်ပါ။ အရမ်းလိုချင်နေရင်တောင် ကိုယ့်မှာ ရှိမှ၊ ပိုက်ဆံပိုနေမှ ဝယ်ပါ။ အကြွေးဘယ်တော့မှ မသုံးပါနဲ့။

ပန်းတိုင်သေးသေးလေးတွေထားပါ

ပန်းတိုင်အကြီးကြီးတွေထားပြီး ဖြစ်မလာသေးရင် စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါကြောင့် ပန်းတိုင်သေးသေးလေးတွေထားပြီး တစ်ခုချင်းစီ ဖြစ်အောင်လုပ်ကြည့်ပါ။

စိတ်ရှည်ပါ

ဘယ်အရာကိုမဆို စိတ်ရှည်မှသာ အောင်မြင်မှုရမှာပါ။ အခုဖြစ်ချင်လို့ အခုဖြစ်မလာပါဘူး။ အချိန်တစ်ခုတော့ စောင့်ရပါမယ်။ ကိုယ့်ဘက်ကလည်း ကြိုးစားအားထုတ်ပြီး စိတ်ရှည်ဖို့ လိုပါတယ်။