မင်္ဂလာပါနော်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိပိုင်ဆိုင်ဖို့ဆိုတာ သင်နေ့စဉ် ပြုမူနေထိုင်တတ်တဲ့ အလေ့အကျင့်တွေနဲ့ များစွာသက်ဆိုင်ပါတယ်။ သင့်မှာ အခုဖော်ပြမယ့် အမူအကျင့်တွေရှိရင် အခုပဲ အတတ်နိုင်ဆုံး ပြင်ဆင်လိုက်ဖို့ အကြံပြုချင်ပါတယ်။

ပေါက်ပေါက်ဆုပ် အရမ်းမစားပါနဲ့

ဆားငံတဲ့ ချိုတဲ့ ပေါက်ပေါက်ဆုပ်စားတာမျိုး မလုပ်သင့်ပါဘူး။ သွားအတွက်မကောင်းလို့ အမြဲတမ်း စားခြင်းကို ရှောင်ပါ။ စားပြီးတဲ့အခါမှာလည်း ရေသောက်ပြီး ပလုတ်ကျင်းတာမျိုး လုပ်ပေးပါ။

ကားထဲမှာ ရေဘူးမထားခဲ့ပါနဲ့

ကားထဲရေဘူးကို မထားခဲ့သင့်ပါဘူး။ ပလတ်စတစ်ဘူးမျိုးကို မထားသင့်တာပါ။ ပလတ်စတစ်ဘူးတွေဟာ နေပူလာတဲ့အခါ နေရောင်နဲ့ ထိတွေ့ အလင်းပြန်ပြီး မီးလောင်တာမျိုး ဖြစ်စေပါတယ်။

ဝက်ခြံကို ခဏခဏ မညှစ်ပါနဲ့

ဝက်ခြံပေါက်နေတာကို မနေနိုင်မထိုင်နိုင် မကြာခဏ ညှစ်ပေးခြင်းကို ရှောင်ကျဉ်ပေးပါ။ အဲဒီလိုညှစ်တာဟာ ဝက်ခြံကို မသက်သာစေရုံသာမက အမာရွတ်ဖြစ်စေသလို ဝက်ခြံပိုပွားစေပါတယ်။

နေရာတိုင်းကို ဖုန်းနဲ့ ဓာတ်ပုံမရိုက်ပါနဲ့

တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်သင့်တဲ့ သင့်ရဲ့ အမူအကျင့်များ

တစ်ခုခု မေ့မှာကြောက်လို့ပဲဖြစ်ဖြစ် အရာရာတိုင်းကို ဓာတ်ပုံရိုက်ထားတာမျိုးမလုပ်ပါနဲ့။ သင့်ရဲ့မျက်လုံး ဦးနှောက်နဲ့ မှတ်မိအောင် ကြိုးစားပါ။ လေ့လာတွေ့ရှိမှုအရ အရာအားလုံးကို ဓာတ်ပုံခဏခဏ ရိုက်သူတွေဟာအရေးကြီးတာတွေကို မကြာခဏ မေ့တတ်တယ်လို့ဆိုပါတယ်။

ဖုန်းကို ခေါင်းအုံးအောက်ထဲမထားပါနဲ့

ဖုန်းကို ဖွင့်လျက်သားနဲ့ ခေါင်းအုံးအောက်မှာထားအိပ်တာမျိုးရှောင်ပါ။ အထူးသဖြင့် အားသွင်းလျက်သား၊ အင်တာနက် ဖွင့်လျက်သားနဲ့ မထားသင့်ပါဘူး။

ဗိုက်ထဲမှာ အစာမရှိခင် ကော်ဖီသောက်ခြင်း

ဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ ကော်ဖီသောက်တဲ့အခါ ရင်တုန်တာ၊ အစာမကြေတာစတဲ့ အစာအိမ်နဲ့ ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

ရေစိုနေတဲ့ တဘက် (သို့) အဝတ်အစားကို အခန်းထဲမှာ မချိတ်ထားပါနဲ့

ရေစိုနေတဲ့ တဘက် (သို့) အဝတ်အစားကို အခန်းထဲမှာ ချိတ်ထားတာမျိုး မလုပ်သင့်ပါဘူး။ ဘက်တီးရီးယားတွေ ပျံ့ နှံ့ပြီး သင့်အသားအရေအတွက်လည်းမကောင်းပါဘူး။ နေပူထုတ်လှန်းတာ၊ အပြင် လေသလပ်တဲ့နေရာမှာ လှန်းတာမျိုး လုပ်ပါ။

ကား Dashboard ပေါ်မှာ ခြေထောက်တင်စီးခြင်း

အဲဒီလိုစီးတာဟာ တကယ်တော့ သိပ်ကို အန္တာရာယ်များပါတယ်။ ယဉ်တိုက်မှု မတော်တဆ မှုဖြစ်တဲ့အခါ သင့်ရဲ့ ဒူးနဲ့ မေးရိုးကို ထိနိုင်ပြီး ထိခိုက်ဒဏ်ရာရမှု ပြင်းထန်နိုင်ပါတယ်။