မိတ်ကပ်ပြင်ရင် တည်ငြိမ်ပြီးလှတာမျိုးလေးမှ ပြင်ချင်တယ်ဆိုတဲ့သူတွေအတွက် ဘယ်တော့မှရိုးမသွားပဲ everyday အတွက် အရမ်းလှတဲ့၊ နေရာတိုင်းနဲ့လည်းလိုက်ဖက်တဲ့ glitter makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ sunscreen နဲ့ primer ကို လိမ်းပေးဖို့မမေ့ပါနဲ့။

ကိုယ်သုံးမယ့် foundation ကို makeup brush (သို့) makeup sponge နဲ့ သေချာလိမ်းပေးပါ။ အောက်ခံ foundation ကိုသေချာလိမ်းမှ မိတ်ကပ်ကွက်တာ၊ မညီတာမျိုးမဖြစ်ပဲ finish look က လှနေမှာပါ။

မျက်ကွင်းညိုတာကိုဖုံးဖို့အတွက် concealer သုံးပါမယ်။ နဖူးအလယ်နဲ့ မေးစိကိုလည်း သုံးပေးပါ။ ဝက်ခြံ၊ အမာရွတ်တွေရှိလို့ ဖုံးချင်တယ်ဆိုလည်း concealer နဲ့ ဖုံးပေးပါ။

Loose powder သုံးတဲ့အခါမှာ powder brush နဲ့သုံးပေးတာက ဖုန်ဖုန်ကြီးမဖြစ်ပဲ မိတ်ကပ်သားပိုလှပါတယ်။ အဆီလည်းထိန်းပေးပါတယ်။

မေးရိုးနဲ့ပါးရိုးကို contouring လုပ်ပေးဖို့ လိုပါတယ်။ နှာတံလည်းဖော်ပေးဖို့ မမေ့ပါနဲ့။

မျက်နှာတစ်ခုလုံးရဲ့အသက်ဖြစ်တဲ့ မျက်ခုံးမွှေးကို သေချာလေးပုံဖော်ဆွဲပါမယ်။

Eyeshadow စခြယ်ဖို့အတွက် အဖြူဘက်သွားတဲ့အရောင်ကို မျက်ခွံပေါ်မှာ ခြယ်ပေးပါ။

Eyeshadow အညိုရောင်အဖျော့ကို ပုံမှာပြထားတဲ့ မျက်ခွံနေရာလေးတွေမှာ သေချာ blend လုပ်ပြီးခြယ်ပေးပါ။

ရွှေညိုရောင် glitter eyeshadow ကိုယူပြီး မျက်ခွံအလယ်မှာ ခြယ်ပေးပါ။

Eyeshadow အညိုရောင်အရင့်ကို မျက်လုံးထောင့်အစွန်းနားမှာ ခြယ်ပေးပါ။

HOLIKA HOLIKA Eye Metal Glitter လေးကို ပုံမှာပြထားတဲ့အရောင်လေးသုံးပြီး မျက်ခွံအလယ်မှာ ထပ်ခြယ်ထားပါတယ်။ ရိုးရိုး glitter ထက် ဒီလို glitter လေးတွေက ပိုလှပါတယ်။

Eyeshadow အညိုရောင်အရင့်ကို မျက်လုံးထောင့်အစွန်းနားမှာ ထပ်ပြီးခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း ခြယ်ပေးပါ။

အဖြူရောင် glitter eyeshadow ကို မျက်ခုံးအစွန်းအောက်နားနဲ့ မျက်လုံးအရှေ့ထောင့်နားမှာ ခြယ်ပေးပါ။

Eyeliner ကို ပါးပါးလေးဆွဲပြီး ထောင့်မှာ winged လေးဆွဲပေးပါ။ မျက်တောင်ကို mascara နဲ့ကော့ပါမယ်။ မျက်တောင်တုတပ်မယ်ဆိုရင်တော့ natural ဆန်တာလေးကို သုံးပေးပါ။

မျက်လုံးအောက်နားကို ရွှေညိုရောင် glitter eyeshadow နည်းနည်းခြယ်ပေးပါ။

ပါးနီကိုတော့ အုတ်ကျိုးရောင်ဘက်သွားတဲ့အရောင်လေး ခြယ်ပေးပါ။

နှာတံနဲ့ ပါးရိုးနေရာလေးမှာ ရွှေရောင် highlighter ခြယ်ပေးပါ။

Lip balm အရင်ဆိုးပြီး နှုတ်ခမ်းနီ အညိုဖျော့ဖျော့လေးဆိုးပေးပါ။ နှုတ်ခမ်းအတွင်းသားကို အုတ်ကျိုးရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်လေးဆိုးပြီး လက်ချောင်းလေးနဲ့ပဲ blend ပေးပါ။

နောက်ဆုံးမှာတော့ မိတ်ကပ် setting spray ဖြန်းပေးလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ everyday အတွက် အရမ်းလှတဲ့၊ ဘယ်တော့မှလည်းရိုးမသွားတဲ့ glitter makeup look ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

source:www.molitalin